Thursday, December 18, 2008

ဖီ့ဗူးယော်ပူဇော်ပွဲ


ဖီ့ဗူးယော်ပူဇော်ပွဲ ကျင်းပခြင်းအခမ်းအနားအစီအစဉ်
ဖီ့ဗူးယော်ပူဇော်ပွဲကို နှစ်သစ်ကူးနေ့ နံက်ပိုင်းတွင် ပြုလုပ်လေ့ရှိကြသည်။ နံနက်နေအာရုံတက်ချိန်တွင် ကရင်အမျိုးသားအလံတော်အား လွင့်ထူခြင်း၊ နှစ်သစ်ကူးနေ့  အထိမ်းအမှတ်ဟောပြောပွဲများ ပြုလုပ်ခြင်းများ ပြီးနောက် ဖီ့ဗူးယော်ပူဇော်ပွဲကို တစ်ဆက်တည်းကျင်ပကြသည်။ ဖီ့ဗူးယော်ပူဇော်ပွဲပြုလုပ်သည့် အခမ်းအနားအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ပွဲတော်အကြီးအမှူး (၁)ဦးနှင့်အရန်(၂)ဦးတို့ က၊ ရာဇမတ်ဝင်းအတွင်းသို့  စတင်နေရာယူခြင်း။
နေ့ (၇)နေ့ စုံသော အဖိုး (၇)ဦးနှင့် အဖွား (၇)ဦးတို့ က မြေငယ်များခြံရန်လျက် နေရာယူခြင်း။
ပွဲတော်အကြီးအမှူးမှစပါးလိပ်ပြာများအသီးသီးပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသောအားဖြင့် ရွတ်ဖတ်ပူဇော်ခြင်း။
ပွဲတော်အကြီးအမှူးက ဦးဆောင်လျက် အဖိုးအဖွားနှင့် မြေးငယ်များအားလုံး ရာဇမတ်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွါခြင်း။
အထက်ပါအခမ်းအနားအစီအစဉ်ဖြင့် ဆောင်ရွက်ရာတွင် ဆောင်ရွက်သည့် လုပ်နည်းလုပ်ဟန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပွဲတော်အကြီးအမှူးများနေရာယူအပြီးတွင် နေ့ (၇)နေ့ စုံသော အဖိုး(၇)ဦးနှင့်အဖွား(၇)ဦးတို့ သည် မြေးငယ်များက ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်းအတွင်းသို့  ဆက်လက်နေရာယူကြသည်။ ရာဇမတ်ဝင်းအတွင်းရှိ စပါးပုံအား လက်ယာရစ် ဖြင့် (၃)ပတ်တိတိလှည့်ပတ်ပူဇော်ပြီးနောက် စပါးပုံ၏ လက်ယာဘက်တွင် အဖိုး(၇)ဦးကလည်းကောင်း၊ လက်ဝဲဘက်တွင် အဖွား(၇)ဦးကလည်းကောင်း ၊ နေ့ နာမ်အလိုက်အသီးသီးနေရာယူကြသည်။ မြေးငယ်များက အဖိုးအဖွား၏ နောက်၌ နေရာယူကြသည်။ထိုသို့ နေရာယူပြီးချိန်တွင် ပွဲတော်အကြီးအမှူးသည် စပါးလိပ်ပြာများအသီးသီး ပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသောအားဖြင့် ကရင်ဘာသာဖြင့် စတင်၍ ရွတ်ပါသည်။ ပွဲတော်အကြီးအမှူးရွတ်ဖတ်ပူဇော်ခြင်း ပြီးဆုံးသည့်အခါတွင် အဖိုးအဖွားများက စပါးပုံအား အမွှေးနံသာရည်များ ပက်ဖြန်းကြပြီး မြေးငယ်များက ပေါက်ပေါက်ဆုပ်များ ကြဲပက်ကြသည်။ ပြီးနောက် ပွဲတော်အကြီးအမှူးက ရှေ့ဦးမှ ဦးဆောင်ပြီး အဖိုးအဖွားနှင့်မြေးငယ်များတို့ နောက်မှ ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်းအတွင်းမှ အသီးသီးပြန်လည်ထွက်ခွါကြသည်။
ပွဲတော်၌ဧည့်ခံကျွေးမွေးရန် အသင့်ပြုလုပ်ထားသော ရိုးရာစားဖွယ်သောက်ဖွယ်များ ခေါင်ရည်များကို ပွဲတော်လာပရိတ်သတ်များအား တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ ကရင်ယဉ်ကျေးမှု လူငယ်မောင်မယ်များကလည်း ပရိတ်များအား ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေပေးကြသည်။
နိဂုံး
ဖီ့ဗူးယော်ပူဇော်ပွဲကို ကရင်လူမျိုးများနေထိုင်ရာ ကျေးလက်ဒေသများတွင် နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်အတူ ယခင်က ယှဉ်တွဲပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မှေးမှိန်လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေသည်။ ကရင်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ဖြန့် ပွားရေးအသင်းသည် ပျောက်ကွယ်လုနီးပါးဖြစ်သော ဖီ့ဗူးယော်ပူဇော်ပွဲရိုးရာဓလေ့ကိုဖေါ်ထုတ်ထိမ်းသိမ်းမြှင့်တင်သောအားဖြင့် ဖါးအံမြို့ ပေါ်တွင်ကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်များတွင် သရုပ်ပြပွဲအဖြစ် ကျင်းပပြသနိုင်ခဲ့သည်။အဆိုပါ သရုပ်ပြပွဲမှ ရိုက်ကူးထားသော မှတ်တမ်းဓါတ်ပုံများကို ရန်ကုန်မြို့  တပ်မတော်စစ်သမိုင်းပြတိုက်တွင် အများပြည်သူလေ့လာနိုင်ရန် ချိတ်ဆွဲပြသထားသည်။
ကရင်အမျိုးသားတိုင်း မိမိတို့ ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမြတ်တနိုးဖေါ်ထုတ်ထိမ်းသိမ်း မြှင့်တင်နိုင်ကြပါစေ ဟူ၍ ဆန္ဒပြုအပ်ပါသည်။

ကရင်ရိုးရာကောက်သစ်စားပွဲ

ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ဖှီ့ဗူးယော်(ဖီ့ဗူးယ၀်) ပူဇော်ပွဲ အကြောင်းသိကောင်းစရာ
ကရင်အမျိုးသားတိုင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရည်ရွယ်လျက်လက်လှမ်းမှီရာ တတ်နိုင်သမျှရှာဖွေ စုဆောင်းတင်ပြအပ်ပါသည်။
ကရင့်ရိုးရာဓလေ့ပွဲတော်များ
ကရင်လူမျိုးတို့ ၏ ရှေးဘိုးဘွားဘီဘင်များသည် ၀ိညာဉ်ကိုယုံကြည်ကြသည်။ ၀ိညာဉ်လိပ်ပြာသည် လူ၏ခန္ဓာကိုယ်တွင် ပူးကပ်မှီတွယ်နေပြီး လိပ်ပျြာနှင့်အတူရှိသောသူသည် ကျန်းမာသည်၊ သန်စွမ်းသည်၊ စိတ်ဓါတ်ကြံခိုင်မှူရှိသည်ဟု ယုံကြည်ကြ၏။
ထို့ အတူ သစ်ပင် သီးနှံတို့ တွင်လည်း ၎င်းတို့ ကိုကာကွယ်စောင့်ရှောက်သောဝိညာဉ်ရှိသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် အပင်တို့ ကိုစောင့်ရှောက်သော နတ်ဟုဆိုနိုင်သော ရုက္ခစိုးနတ်ကောင်းနတ်မြတ်တို့ ရှိသည်ဟု ယုံကြည်ကြ သည်။ ထိုနည်းအတူ တောင်ယာတွင် တောင်ယာကို စောင့်ရှောက်သောနတ်၊ လယ်မြေကို စောင့်ရှောက်သောနတ်များအပြင် လူနေအိမ်တွင် အိမ်ကိုစောင့်ရှောက်သောနတ်ဟူ၍ ရှိသည်ကို ယုံကြည်ကြသည်။
ထိုယုံကြည်မှူများကြောင့်ကရင်လူမျိုးတို့ တွင် လယ်ယာလုပ်ငန်းနှင့်ပတ်သက်သောပွဲတော်၊ ရိုးရာဓလေ့ပွဲတော် အမျိုးမျိုးရှိကြသည်။ ၎င်းရိုးရာဓလေ့ပွဲတော်များမှာ-----
(၁) တောင်ယာနတ်စားချိန်ပွဲတော်၊
(၂) တော်ယာခုတ်ချိန်ပွဲတော်၊
(၃) တော်ယာစူးထိုးချိန်ပွဲတော်၊
(၄) တောင်ယာစပါးရိတ်သိမ်းချိန်ပွဲတော်၊
(၅) ရေမြောင်းတာတမံပူဇော်ပွဲတော်၊
(၆) ပျိုးပင်လိပ်ပြာခေါ်ပွဲတော်၊
(၇) စပါးပုံလိပ်ပြာခေါ်ပွဲတော်၊
(၈) ရိုးရာကောက်သစ်စားပွဲတော်နှင့်ဖီ့ဗူးယော်ပူဇော်ပွဲတော်၊
(၉) အိမ်သစ်တက်မင်္ဂလာပွဲတော်၊
(၁၀) ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲတော်၊
(၁၁) ရွာလုံးကျွတ်လိပ်ပြာခေါ်ပွဲတော် (ခေါ်)၀ါခေါင်လချည်ဖြူပွဲ မင်္ဂလာပွဲတော်၊
(၁၂) အရိုးကောက်ပွဲတော်၊
(၁၃) နှစ်သစ်ကူးပွဲတော် စသည်ဖြင့် ပွဲတော်အမျိုးမျိုးရှိကြသည်။ သူ့ အချိန်အခါနှင့်သူ သူ့ နေရာ၊နှင့်သူ ပုံစံအမျိုးမျိုးကျင်းပကြသည်။
ဖီ့ဗူးယော်အား ရိုးရာပွဲဇော်ပွဲတစ်ရပ်အဖြစ် လက်ခံကျင်းပခြင်း
ကရင်လူမျိုးတို့ သည် စပါးကိုစောင့်ရှောက်သော စပါးလိပ်ပြာ (သို့ ) စပါးစောင့်နတ် (ဖီ့ဗူးယော်) ရှိသည်ဟုယုံကြည်ကြသည်။ ဖီ့ဗူးယော်ကို ပူဇော်ခြင်းအားဖြင့်စပါးသည် ပျက်စီးလေလွင့်မှုနည်းပါးပြီး ပိုမို၍အထွက်တိုး၏။ ရှိပြီးသားစပါးတို့ သည်လည်း စားသုံးမှုအစဉ်လုံလောက်ပြီး မသိမသာတိုးပွားမြဲဖြစ်သည်ဟုယုံကြည်ကြ၏။ ထိုယုံကြည်ချက်အရ ဖီ့ဗူးယော်ကို ရိုသေသမှုပြုသောအားဖြင့် ရိုးရာပူဇော်ပွဲတစ်ရပ်အဖြစ် လက်ခံကျင်းပကြသည်။

အသံလွင့်မိန့် ခွန်း

ပထမဆုံးသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အသံလွှင့်မိန့် ခွန်း
ယနေ့ ကရင်အမျိုးသားများ
ယနေ့ သည် သမိုင်းဝင်နေ့ ဖြစ်ပါသည်။ အစိုးရက တရားဝင်အသိအမှတ်ပြုသော ကရင်အမျိုးသားနေ့  လည်းဖြစ်ပါသည်။ ဤနေ့ ရက်သည် ကရင်တစ်မျိုးသားလုံး၏ မင်္ဂလာအခါနေ့ လည်းဖြစ်ပါသည်။ တစ်သီးတစ်ခြား တစ်ကွဲတစ်ပြားနေထိုင်ခဲ့ကြရာမှ ကျွန်ုပ်တို့ သည် ယနေ့ မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့်  နိုင်ငံတော်အရေးအခင်းတွင် ပါဝင်ဆောင်ရွက်ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကံကြမ္မာကို ဖန်တီးရာ၌ အဓိကမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့ လူမျိုး ဆိတ်သုဉ်းမသွားဘဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့ အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့ ၏ ပယောဂကျေးဇူးကြောင့်မှ မဟုတ်ဘဲ ကျွန်ုပ်တို့ ၏ထူးခြားသော ပင်ကိုယ်အရည်အချင်းများကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ ရိုးသားကြသည်။ စိတ်ထားဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတးပေါင်းဖက် ဆက်ဆံပေါင်းသင်းသွားခြင်းဖြင့် ကျွန်ုပ်တို့  ၏ အမျိုးသားဂုဏ်သိက္ခာ၊ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းများ ပြုနိုင်မည်ဟု ယုံကြည်ကြသည်။
ကျွန်ုပ်တို့ တစ်တွေ ဆုံြး့ဖတ်ချက်များ ချတ်မှတ်သည့်အချိန်ကျလာခဲ့ပြီး ကျွန်ုပ်တို့ သည် ယခင်ကဲ့သို့ ပင် တစ်သီးတစ်ခြား ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော၊ သို့ တည်းမဟုတ်၊ မြန်မာနိုင်ငံ၏ကြမ္မာကို ဖန်တီးရာ၌ တစ်အပ်တစ်အား လက်တွဲပါဝင်ဆောင်ရွက်မည်လော။
ကျွန်ုပ်တို့ သည် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ် သို့  ပါဝင်ဆောင်ရွက်ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသားခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးမဖက် မကြောက်ရွံ့ ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်၊ နိုင်ငံတော်အကျိုးစီးပွားကို ဆောင်ရွက်ကြမည်။
ယနေ့ အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုသားအမွေအနှစ်များ ရှေးဟောင်းကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ “ယွာ”ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့ ၏ ဆုံးမသြ၀ါဒများကို ပြန်လည်ကျင့်သုံးနေကြပါမည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်ကောင်း၊ တစ်အိမ်တစ်မိသားစုအနေဖြင့်လည်းကောင်း၊ ဘ၀သစ်တစ်ရပ်ကို ပါဝင်ဖန်တီးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။
ခေတ်နှင့်လျော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့်လုပ်ငန်းများ ကြံဆချမှတ်ကာ အခြားသောတိုင်းရင်းသားများနှင့် တစ်စိတ်တစ်ဝမ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွားကြမည်။
ထို့ ကြောင့် ကျွန်ုပ်တို့ တစ်တွေလည်း နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး အကျိုးလုပ်ငန်းများတွင် ဖော်ပြပါယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့  အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့  ရက်မြတ် ကရင်နှစ်သစ်မင်္ဂလာအချိန်တွင် အဓိဌာန်ပြုကြပါစို့ 
(၁၉၃၈ ခုနှစ်၊ ဒီဇင်လာလ ၂၁ ရက်)
၂၆၇၆ ခုနှစ်၊ သလေး၊ ထိုက်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက် ။ ပုံ - စံစီဖိုး၊ ရွှေဘ၊လှဖေ၊ ဖေသာ၊ ဆစ်ဒနီလူနီ

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 
လူမျိုးအသီးသီးတို့ သည် မိမိတို့ ၏ပတ်ဝန်းကျင် သဘာဝ၊ တောတောင်၊ ရေမြေ၊ ရာသီဥတု၊ သစ်ပင်ပန်းမန်၊နေ၊ လ၊ နက္ခတို့ ကို လေ့လာမှတ်သား၍၊ အချိန်ကာလ အပိုင်အးခြားတို့  ခွဲခြားသိမြင်ကြသည်။
ကရင်လူမျိုးတို့ သည် ရှေးပဝေသဏီကစ၍ အချိန်အကန့် အသတ်ကို ကြည့်ပြီး၊ တစ်ရက်၊ တစ်လ၊ တစ်နှစ် ဟု သတ်မှတ်ကာ အမည်နာမပေးကြပါသည်။ မိမိတို့ ၏ ပထမလကို စကောကရင်ဘာသာဖြင့် “သလေ” ပိုးကရင်ဘာသာဖြင့် “ထိုက်ခေါက်ဖိုး”ဟု ခေါ်ကြပါသည်။
ထိုသို့  တစ်နှစ်ဆန်းလျှင် မိမိတို့  ဓလေ့ထုံးစံအရ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ ယစ်နတ်ပူဇော်ခြင်း၊ လူကြီးသူမများအား ကန်တော့ခြင်းများကို ပြုလုပ်ကြပါသည်။
-“နှစ်သစ်ကူးနေ့ ရောက်လာပြီ
-ရေချိုးခေါင်းလျှော် စိတ်သန့် စင်
- လူကြီးသူမ ကန်တော့ကြ
-ဆုံးမ ပဲ့ပြင်နာခံမှတ်”။
ကရင်အမျိုးသားများသည် “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)ကို ပထမလအဖြစ် သတ်မှတ်၍ လဆန်းတစ်ရက်နေ့ ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။ “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)လသည် မြန်မာအားဖြင့် “ပြာသိုလ”ဖြစ်၍ ပြာသိုလဆန်းတစ်ရက်နေ့ သည် “ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။
သို့ သော်လည်း ရှေးအခါက ဤနေ့ ဤရက်ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် မြေပြန့် ဒေသကရင်အချို့ နှင့် တောင်ပေါ်ကရင်အချို့ တို့ သည် နှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ကြပါသည်။
သို့ ရာတွင် ကရင်ခရစ်ယာန်ဘာသာဝင်များသည် အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့ ဖြစ်သော ဇန်န၀ါရီလ တစ်ရက်နေ့ ကို ကျင်းပသည့်နည်းတူ၊ ကရင်ဗုဒ္ဓဘာသာဝင်များသည်လည်း တန်ခူးလ (သင်္ကြန်)အပြီး နှစ်ဆန်းတစ်ရက်နေ့ ကို ကျင်းပကြပါသည်။
ထို့ အပြင် ကရင်လူမျိုး ဖိုးပိုက်ဆံဘာသာဝင်များသည် တပို့ တွဲလဆန်း (၄)ရက် နေ့ ကို၎င်း၊ ရသေ့ဘာသာဝင် ကရင်များကလည်း တပေါင်းလပြည့်ကျော်(၁)ရက်နေ့ ကို၎င်း အသီးသီး ကရင်နှစ်သစ်ကူးနေ့ ကို တကွဲတပြားဆီ ကျင်းပခဲ့ကြပါသည်။
ထိုသို့  နှစ်သစ်ကူးနေ့ ကို အကွဲကွဲအပြားပြား ကျင်းပကြသောကြောင့် စိတ်ဝမ်းကွဲမှုများလည်း ရှိနေကြပါသည်။ ကရင်အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသော ဒေါက်တာ တီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ပါဝင်သော “ဒေါကလူ”ခေါ် ကရင်အမျိုးသားအသင်းကြီး၊ Karen National Association (KNA)၊ အသင်းကြီးကို (၁၈၈၁) ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းအချိန်က မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံရေးအဖွဲ့ အစည်းမှ မရှိသေးပေ။
ထိုအသင်းကြီးက “ကရင်နှစ်သစ်ကူးနေ့ ”ကို တနေ့ တည်း ကျင်းပလျှင် ပို၍သင့်လျှော်ကြောင်း သိရှိသည်။ ထို့  ကြောင့် အနယ်နယ်အရပ်ရပ်မှ ကရင်အမျိုးသားခေါင်းဆောင်များနှင့် အောက်လွှတ်တော်အမတ်များအား တွေ့  ဆုံစေပြီး၊ မည်သည့်နေ့ ရက်တွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရန် သင့်လျှော်မည်ကို ရှေးအထောက်အထားများ၊ အကြောင်းအရာများကို စုံစမ်း၍ “ဒေါကလူ”အသင်းကြီးအား ပ်ြန်လည်အစီရင်ခံစေသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ အစီရင်ခံစာများ ပေးပို့ ကြသည်သာမက “ဆရာယာနီ”ဆိုသူ ကိုယ်တိုင်လာရောက်တွေ့ ဆုံသည်။ “ဆရာယာနီ”သည် မြောင်းမြခရိုင်- တကူးဆိပ်ရွားသာညးဖြစ်၍ ဖါပွန်တွင် ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ တောင်ပေါ်ကရင်ဒေသရှိ ကရင်အမျိုးသားများ အသုံးပြုသော ပျဉ်ပြားပြက္ခဒိန်ကို ယူဆောင်လာ၍ တင်ပြသည်။ ထိုပျဉ်ပြားပြက္ခဒိန်တွင် တနှစ်လျှင် (၁၂)လ ပါရှိ၍ ပထမလမှာ ပြာသိုလဖြစ်ကြောင်း သက်သေအထောက်အထားနှင့် တင်ပြပါသည်။
ထို့ အတူ “ဒေါကလူ”အသင်းကြီး၏ အထွေထွေအတွင်းရေးမှူး မန်းဘခင်မှလည်း နှစ်ပေါင်း (၇၀)ကျော်က စတင်ထုတ်ဝေခဲ့သည့် ပိုးကရင်သင်ပုန်းကြီ်းနှင့် ဖတ်စာအုပ်ကို တင်ပြပါသည်။
အဆိုပါစာအုပ်တွင် တနှစ်လျှင် (၁၂)လ ပါရှိပြီး ပြာသိုလမှာ ပထမလ ဖြစ်ကြောင်း ဘိုးဘွားများလက်ထက်မှစ၍ ယနေ့ တိုင်အောင် ကရင်နှစ်သစ်ကူးနေ့ ကို ပြာသိုလဆန်း (၁)ရက်နေ့ တွင် ကျင်းပကြောင်း တင်ပြသွားပါသည်။
ထို့ ကြောင့် သမိုင်းဝင်နေ့ တနေ့ ရရှိရန် ကရင်နှစ်သစ်ကူးနေ့ အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွှတ်တော်မှ စတင် တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် (၁၅)ဦး၏ ဒုတိယဥက္ကဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်း (Saw Joh Nson –D- P0min)သည် နေ့ ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရသည်။ ထို့  ကြောင့် စောဂျွန်ဆင်ဒီဖိုးမင်း သည် တောင်ငူမြို့ ရှိ ကရင်သက်ကြီးဝါရင့်သူတချို့ နှင့် ဆွေးနွေးခဲ့ပြီး သရာမိုးလို (ကရင်အမျိုးသားအလံတော် ပုံစံတင်သွင်းရာတွင် ဒုတိယဆုရရှိသူ)အား ဆက်လက် တာဝန်လွှဲအပ်ခဲ့ကြသည်။
သရာမိုးလိုသည် ကရင်အမျိုးသားတို့ ၏ ခုနှစ်သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့ ၏ နှစ်သစ်ကူးနေ့ သည် မည်သည့်နေ့ ၊ လ၊တွင် ဖြစ်ကြောင်း ဟူသော အချက် နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသနလုပ်ခဲ့ပြီး ပြည်လည်တင်ပြခဲ့သည်။

အရှေ့ တိုင်းသုတေသနကြီးနှစ်ဦးဖြစ်သော ဂျီ၊ အိပ်ခ်ျ၊ လူစ့်(G.H.Luce)နှင့် ဂျီ၊ အီး၊ ဟာဗီ(G.E. Harvey)တို့ ၏ မှတ်တမ်းပြုချက်အရ၎င်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား ရေးသားသော မြန်မာရာဇ၀င်အရ၎င်း၊ ကရင်လူမျိုးများသည် မြန်မာနိုင်ငံသို့  ရှေးဦးစွာ ၀င်လာခဲ့ကြသည်မှာ ဘီ။ စီ ၇၃၉ ခုနှစ်က ဖြစ်ကြောင်း သိရှိရပေသည်။
သို့ ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့  မြန်မာနိုင်သို့  ၀င်ရောက်လာခဲ့ကြသည့် ထိုနှစ်မှ အစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေ၊ ဒီ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့  စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီ၊ စီ ၇၃၉ ခုနှစ်မှ စ၍ ရေတွက်သော် နှစ်ပေါင်း (၂၆၇၅)နှစ် ရှိပြီးဖြစ်သည်။
တောင်ငူမြို့ ရှိ သက်ကြီးဝါကြီးများ၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ ရက် (သလေလဆန်း (၁)ရက်)ကို ဥပဒေပြုအောက်လွှတ်တော်တွင် တင်သွင်းအဆိုကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ထိုး၍ အောက်လွှတ်အစည်းအဝေးတွင် တင်သွင်းခဲ့၏။ ၁၉၃၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေံတွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွှတ်တော် အစည်းအဝေးမှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွှတ်တော်မှ ဆရာစံဘော် က ဆက်လက်ဦးဆောင်၍ ၀န်ကြီး စောဖေသာနှင့် ညှိနှိုင်းပြီး၊ ဒေါက်တာ ဘမော်အစိုးရအဖွဲ့ သို့  တင်ပြ၍ အစိုးရ၏ သဘောတူညီချက်အရ (Cabi-net Executive Pow – er)ဖြင့် ဘုရင်ခံထံသို့  တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွှဲပြောင်းနိုင်သည်။
စာချုပ်စာတမ်း အက်ဥပဒေ (Ne – G0tiable Instrument act.) အစိုးရ အသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။
အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက် (၁၂၉၉ ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့ ဖြစ်ပြီး၊ ၎င်းနေ့ တွင် ၀တ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့် ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့် “သာ့ပွာဖိုးလင်းတေး” ပြုစုရေးဆွဲခဲ့သည့် ကရင်အမျိုးသားပြက္ခဒိန်အရ၊ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်တွင် ကရင်အမျိုးသားခေါင်းဆောင်ကြီး (၅)ဦး ဖြစ်ကြသော ဒေါက်တာစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့ က သြ၀ါဒ သ၀ဏ်လွှာပေးပို့ ခဲ့သည်။
(သ၀ဏ်လွှာ ပေးပို့ သည့် နေ့ စွဲမှာ “သာ့ပွာဖိုးလင်းတေး”၏ ပြက္ခဒိန်အရ ၁၉၃၈ ခုနှစ်တွင် နှစ်ကြိမ်မျှ ကျရောက်ခြင်းကြောင့် ရက် အမှန် (၂၁ - ၁၂ - ၁၉၃၈) အစား (၂၁ - ၁၂ - ၁၉၃၉)ဟူ၍ ဖြစ်နေကြောင်း သတိပြုအပ်၏)
မည်သို့ ပင်ဆိုစေ ယနေ့  ကရင်အမျိုးသားထုတရပ်လုံးက သရာမိုလို၏ ရှာဖွေချမှတ်ပေးခဲ့သည့် ကရင်နှစ်သစ်ကူး နေ့  ဖြစ်သော “သလေ”လဆန်း (၁)ရက်ဟု အတည်ပြုထားသော ပြာသိုလဆန်း (၁)ရက် သို့ မဟုတ် “ထိုင်ခေါက်ဖိုး”လဆန်း (၁)ရက် ကိုသာ ဆက်လက် အတည်ပြုလက်ခံနေကြကြောင်း တွေ့ ရှိပါသည်။

ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ
၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ပရင်ပြည်ပေး ရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ဖစပလ အစိုရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့ မဟုတတ်) ကရင်ပြည်ပြန်ပေးဖို့ ရန် ငြင်းဆိုပါက ကရင် အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီ လ (၁၁)ရက်နေ့ ၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ ပေါ်တက် ကရင် လူဆန္ဒပြပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့  တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင်းပလေသည်။
အောက်မြန်မာပြည် ကရင်အများစု ရှိရာဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူဖဆကလမှလည်း ခြိမ်းခြောက်နှောက်ယှက် တား မြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့ သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက်ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄)သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။
ကရင်အမျိုးသားမျးသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
(၁) ကရင်ပြည်ချက်ခြင်းပြန်ပေး၊ (၂) ကရင်တကျပ်၊ ဗမာတကျပ်
(၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ (၄) ပြည်တွင်းစစ်အလိုမရှိ
စသည့်ကြွေးကြော်သံများပါသော ပိုစတာများ ကိုင်စွဲပြီး မြို့ များအတွင်းလှည့်လည်၍ ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြကြ ရာ မြန်မာပြည်သမိုင်းတွင် စည်ကမ်းအရှိဆုံး ဆန္ဒြုပပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။ ဤနိုင်ငံရေး ကြွေးကြွော်သံများ သည် ကရင်လူမျိုးများအနေနှင့်အခြားလူများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလိုလားကြောင်း ပြည်တွင်းစစ်ကိုမလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့် လင်းလင်း ဖော်ပြခြင်းဖြစ်သည်။ ကရင်ကံကြမ္မာကရင်ဖန်တီးခွင့်ရရှိရေးနှင့် ပတ်သက်သည့် ကရင်အမျိုးသားရေး လှုပ် ရှားမှု သမိုင်းကြီးသည် နိုင်ငံရေးသမိုင်းတစု၊ သာမန်လူတစု၏ လှုပ်ရှားမှုမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာဆောင် သည် ပရင်အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်ကြောင်းကို ကရင်လူထူဆန္ဒပြပွဲကြီးက ဖေါ်ထုပ်ပြသလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ပရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင်တော်လှန်ရေးသည် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။
ကရင်အမျိုးသားထု ဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်ကို မွေးထုပ်ပြသည့်နေ၊ ပရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ထုပ်ပြသည့်နေ့ ၊ ကရင်အမျိုးသားများ၏ ဇာတိ သွေး၊ ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုပ်ပြသည့်နေ့ ၊ နိုင်ငံရေး လက်ဦးမှုကို ကရင်များရယူသည့်နေ့ ၊ ကရင်ကိုကမ္ဘာ က ပိုမိုသိစေသည့်နေ့ ပင်ဖြစ်သည်။ အဆိုပါအကြောင်းများကြောင့် (၁၉၅၃)ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅) ရက် နေ့ အထိ ဖာပွန်မြို့ တွင်ကျင့်ပသော ကော်သူလေးပြည်လုံးဆိုင်ရာ
ကွန်ကရက်မှ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကို ကရင်အမျိုးသားနေ့ ဟု သတ်မှတ်ကျင့်ပရန် မြစ်ဝကျွန်းပေါ်အမှတ် (၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ် (၁) တပ်မမှုး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်က ရက် ကိုယ်စားလှယ်များက ကန့် ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူဆန္ဒပြပွဲ ဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ သည် ကရင်အမျိုးသားနေ့  ဖြစ်လာလေသည်။

ကရင်အမျိုးသားအလံတော်

ကရင်အမျိုးသားအလံတော်

၁၉၃၆ခုနှစ် ဒေါက်တာဘမော်၏ ညွန့် ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ ချုပ် ကြီး ၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်
(၁) ကရင်နှစ်သစ်ကူးနေ့ (ကရင်အမျိုးသားနေ့ )
(၂) ကရင်အမျိုးသားသီိချင်း
(၃) ကရင်အမျိုးသားအလံတော် စသည်တို့ ကို တောင်းဆိုခဲ့ကြသည်၊၊
ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ ချုက်ကြီးသည် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုး သားများထံ “ ကရင်အမျိုးသားအလံ” ပုံစံများရေးစွဲ၍ တင်ပို့ ကြရန်မေတ္တာရပ်ခံခဲ့သည်။ ကရင်အမျိုးသား အဖွဲ့  ချုပ်ကြီး ၏ မေတ္တာရပ်ခံချက်အရ အနယ်နယ်အရရရှိ ကရင်အမျိုးသားများထံမှ အလံပုံစံပေါင်း တစ်ရာကျော်ရောက်ရှိလာခဲ့ သည်။ ။
ကရင်အမျိုးသားအဖွဲ့ ချုပ်ကြီးသည် ရှောက်ရှိလာသော ကရင်အလံပုံစ့တစ်ရာအနက်မှ အလံပုံစံ ၁၂ ခုကို ပဏာမ အ ဆင့် ရွေးချယ်လိုက်သည်။ထိုမှတဆင့် (၁၂)ခုအနက်မှစိတ်ကြိုက်(၃)ခုကို ထပ်မံရွေး ချယ်ခဲ့ သည်။ နောက်ဆုံး(၃)ခုမှ အသင့်တော်ဆုံးအကြိုက်ဆုံးတစ်ခုကို အတည်ပြုရွေးချယ်ခဲ့သည်။ ဤသို့ နောက်ဆုံးအတည်ပြုရွေး ချယ်လိုက်သော အလံ မှာမန်းဘခင်(၀န်ကြီးဟောင်း) ရေးဆွဲသောအလံ ပုံစံပင်ဖြစ်သည်။ ယခုတရားဝင်အတည်ပြုသုံးစွဲ နေသော အလံတော်သည် ဤအလံပင်ဖြစ်သည်။
အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေ၀န်းနှင့်ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ ဤသို့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ခြယ်နှင့် တက်သစ်စနေ၀န်း ဖားစည်ပါရှိသော အလံနှင့်ပတ်သက်၍ အဓိပ္ပယ်အနှစ်သာရကို အလံပုံစံရှင် မန်းဘခင် သည် အောက်ပါအတိုင်း အဓိပ္ပယ်နှင့်အနှစ်သာရ ကို ဖော်ဆော်ထားပေသည်။
(၁) အလံတော်၏ အနီရောင်သည် ကရင်အမျိုးသားများ၏ ရဲရင့်ခြင်းနှင့် သူရသတ္တိပြည့်စုံခြင်းကို ဖော်ဆော်သည်။
(၂) အလံတော်၏ အဖြူရောင်သည် ကရင်အမျိုးသားများ၏ဘ၀နှင့် စိတ်ထားများဖြူစင်သန့် ရှင်းစင်ကြယ်ခြင်းကို ဖော်ဆောင်ထားသည်။
(၃) အလံတော်၏အပြာနုရောင်သည် ကရင်အမျိုးသားများ၏ ဖြောင်မတ်တည်ကြည်ခြင်းနှင်သစ္စာရှိခြင်းကို ဖော် ဆောင်ထားသည်။
(၄) အလံတော်၏ တက်သစ်စနေ၀န်းသည် ကရင်အမျိုးသားများ၏ လူမှုရေးဘ၀တိုးတက်သာယာရေးကို ဖော် ဆော်ထားသည်။
(၅) အလံတော်၏ ဖားစည်သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုနှင့်သာယာဝပြောခြင်းကို ဖော်ဆော်ထားသည်။
ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့်ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့်ယဉ်တွဲ၍ စိုက်ထူကြသည်။ ။

Sunday, December 14, 2008

ကွန်ယက်ခြင်း

ရိုးရာကွန်ယက်ခြင်းလုပ်ငန်း

ရှေးဟောင်းအသုံးအဆောင်

ကရင်ရှေးဟောင်းလည်ဆွဲအလှအပအသုံးအဆောင်



ဌာနေကရင်များ

ထိုင်းနိုင်ငံချင်းမိုင်ခရိုင်ဖူးကဆားဝါး နယ်ပယ်ဒေသခံ ဌာနေကရင်များ










ဖူးကဆာဝါးဆင်စွယ်

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖူးကဆာဝါးဆင်စွယ်

Tuesday, December 9, 2008

ရိုးသားဖြူစင်ဖြောင့်မှန်ရှင်းသန့် လှပကျော့ရှင်းသော ကရင်မောင်မယ်များ

ရှင်းသန့် လှပကျော့ရှင်းခြင်း

အလှအပအသုံးအဆောင်


အလှအပအသုံးအဆောင်

ကရင်အလှအပအသုံးအဆောင်များ


အလှအပအသုံးအဆောင်


အလှအပအသုံးအဆောင်


စုပေါင်းကောက်စိုက်ခြင်း

အေးချမ်းသာယာစွာဖြင့် စုပေါင်းညီညာစွာကောက်စိုက်ပျိုးခြင်း


ကရင်ဖားစည်

ဖာစည်သံဝေ ကရင်မြေ


အလှအပအသုံးအဆောင်


ကရင်အလှအပအသုံးအဆောင်


အလှအပအသုံးအဆောင်


ကရင်အလှအပအသုံးအဆောင်


အလှအပအသုံးအဆောင်


ပြောင်း ၊ ဆန် ၊ ကောက်ညှင်းမုန့် ထောင်းခြင်း


ရိုးသားဖြုစင်သော ကရင်လှပျိုဖြူများ


ဒုံးယိမ်းအကပဒေသာ


ကရင်နီမျိုးနွယ်စု(ပဒေါင်ကရင်)


Monday, December 8, 2008

ရိုးသားဖြူစင်ဖြောင့်မတ်မှုဖြင့်အသက်မွေးခြင်း


တောင်ယာစပါးချွေခြင်း


မောင်နှင့်မယ် တောင်ယာရိတ်ခြင်း


ကျွဲချိုမှုတ်တူရိယာယဉ်ကျေးမှု


ရိုးရာလိပ်ပြာခေါ်ခြင်း


တို့ စရာစားစရာ


ရိုးရာဒေါင်းလှန်းကိုသာမြိန်ယှက်ခြင်း


တောင်ယာစပါးရိတ်ခြင်း


ကရင်အသုံးအဆောင်


တောင်ပေါ်ကရင်(သို့ ) စကောကရင်(သို့ )ကရင်ဖြူ


Friday, November 28, 2008

တချိန်ကလူ့ အခွင့်အရေး

်တချိန်ကလူ့ အခွင့်အရေး
လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလကတည်းက ကျနော့်ရဲ့ ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်ကလေးများ
ကိုပြန်တွေးမိလေတိုင်း တခါတရံ အိမ်မက်ဗမာ နိုးကြားလာခဲ့သည်။ ပြန်လည် စဉ်စားတွေးတောမိလေတိုင်း
ဝမ်းနည်းမိသလို၊ကြောက်ရွံ့မုန်းတီးလာသလို ၊ စိတ်ညစ်သလို ခံစားရသည်။
ထိုအချိန်က ခေတ်ကာလ အခြေအနေမတည်ငြိမ်မှု၊ ပြည်သူလူထုပြေးလွားပုန်းရှောင်နေရ၊အမြောက်ကြီး
သံများ၊ သေနတ်ကြီးသံများ၊ သေနတ်ကလေးသံများ၊ မိုင်းဖောက်သံများ၊ လေယာဉ်ပျံသံများ၊ စစ်ကားကြီးသံများ
အဝေးပစ် ပလာချာသံများသည် မိုးချုန်းသံကြီးများကဲ့သို့ နေ့ စဉ်နေ့ တိုင်းကြားနေရ၊ ငိုးကြွေးအော်ဟစ်သံများ၊ ဆူပူကြိမ်းမောင်းသံများ၊ ပူဆွေးစိုးရိမ်မှုများ၊ ပြေးလွားပုန်းရှောင်မှုများ၊ ဆာလောင်မွတ်သိပ်သော ကလေးသူငယ်များ၊ နာမကျန်းဖြစ်သောသက်ကြီးရွယ်အိုများ၊ အချိန်အခါမဟုတ်လာရောက်ခြိမ်းခြောက်မှုများ၊
အလှည့်ကျကင်းစောင့်မှုများ၊ အတင်းအဒမ လုပ်အားပေးမှုများ၊ ပေါ်တာဖမ်းမှုများ ၊ စနစ်ကြီး၏ရလာတ်ကိုဆိုရ
သော် ထိုခောတ်သိန်းပေါင်းများစွာသောပြည်သူတို့ သည် အလူးအလဲခံစားရသည်၊
ထိုအခြေအနေကိုအခွင့်ကောင်းယူကာ အုပ်ချုပ်သူအာဏာရှင်တို့ သည် လူမျိုးစုအများအပြားကို ဖမ်းဆီး
သတ်ဖြတ်ခဲ့သည်။ အထူးသဖြင့် အမဲရောင်နယ်မြေတွင် အဆိုးဝါးဆုံးဖြစ်သည်။ သွေးနှောမှုများ၊ မုဒိန်းကျင့်မှု
များ ၊ လူမဆန်မှုများ(unhuman) ၊ထောင်ဒဏ်မှုများ၊ စွပ်စွဲမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ခိုးယူရောင်းချ
မှုများကျုးလွန်နေခဲ့သည်။ ကျူပင်ခုတ် ကျူငုတ်တောင်မကျန်ရလေအောင် ချဉ်ပေါင်ပင်ကိုလည်းဓားနဲ့ ခုတ်မည်
ဟူသော(opration)များကို အသေးစိတ်စိပ် စီမံလုပ်ဆောင်ခဲ့လေသည်။ ထိုမျှမက ဖြတ်လေးဖြတ် စားဝတ်နေ
ရေးများကိုပါ ဖြတ်တောက်ခဲ့ လေသည်။
စစ်ကာလသည် ရှည်ကြာသည်ထက် ပိုပြီးရှည်ကြာစွာ အဆုံးမသတ်နိုင်ခဲ့ ပေ။ ခေတ်ကာလ၊ဒေသ၊ ပယောဂကြောင့် လူတို့သည် အကျင့်စာရိတ်တ များစွာပျက်ပြားခဲ့ရသည်။ ခိုးမှု၊ ၀ှက်မှု၊ လုယက်မှု၊ ဓားပြမှုတို့ 
သည် နေ့ စဉ်နေ့ အမျှ ကြီးထွားများပြားလာခဲ့သည်။ အစားအစာရှားပါးခြင်း၊ ဆေးဝါးပစ်စည်းမရှိခြင်း၊ လုပ်ကိုင်
စားသောက်ရန်အတွက် အခက်အခဲများစွာရှိခြင်း၊ လယ်ယာစိုက်ပျိုးရန်အတွက် အချိန်ကာလနှင့်မညီ စစ်ကြောင့် လယ်သမားတို့ ပြေးလွားနေရခြင်း၊ စားသောက်ကုန်စရိတ် ကြီးမြင့်ခြင်း၊ အချိန်အခါမဟုတ်ပုန်ရှောင်
နေရခြင်း၊ ထိုကဲ့သို့ အခြေအနေအခက်အခဲများစွာတို့ ကြောင့် လူတို့ သည် ကျန်းမာရေးချို့ တဲ့ လာခဲ့ ရသည်၊၊
စစ်ဒဏ် စစ်စနစ်ကို အလူးအလဲခံစားရသည်။ ထိုထက်မက လူခွန်၊ မြေခွန်၊ယာခွန်၊လယ်ခွန်နှင့်ဆက်ကြေးများ
ကို လစဉ်လတိုင်း ဒီကနေ့ အထိ ပေးဆောင်နေခဲ့ရသည်။နှစ်ဖက်သော အုပ်စုပြိုင်ဆိုင်နေကြသလို ပြည်သူတို့ 
သည် နှစ်ဖက်သောဒဏ်ရိုက်ခတ်မှုကို ပြင်းထန်စွာ ခ့စားရသည်။ ။
လွန်ပြီးသော ရာစုနှစ်ဝက်ကျော် ကာလကတည်းကပင် ကမ်ဘာတ၀န်းလုံးရှိ တိုင်းပြည်အသီးသီးတို့ သည်
လူမှုအခွင့်အရေးအပြည့်အ၀ရှိသော ဒီမိုဂရေစီစနစ်ကို ကျယ်လောင်စွာအော်ဟစ်ကျလေသည်။ဒုတိယ ကမ္ဘာ
စစ်ကြီးပြီးကာလ တိုးတက်သော( The globelization) ခေတ်ရေစီးကြောင်းများနှင့်အညီ လူသားတို့ သည်
လူသားတို့ သည် လွတ်လပ်မှု၊ မျှတမှု၊ ညီတူမှု၊ ကိုယ်ပိုင်အခွင့်အရေးရရှိမှုတို့ ကြောင့်လူ့ အသိုင်းအ၀ိုင်းသည်
တိုးတက်ယဉ်ကျေးသော လူမှုအသိုင်းအဖြစ်သို့  လျင်မြန်စွာပြောင်းလဲလာခဲ့ လေသည်၊။
ယခုနေ့ ကာလအခြေအနေတွင်လူသားတို့ ၏ (genius)ကြီုးစားတီထွင်ဖန်တီးမှုကြောင့် ကဘာမြေကြီး
သည် (cure thegloble) ပြန်လည်ထိန်းသိန်းကုသရမည့်အခြေအနေသို့ ရောက်ရှိလာခဲ့ လေပြီ။ လကဘာ
ပေါ်မှာပင် ရုရှား၊အမေရိကန်၊အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင် အစရှိသော အင်အားကြီးနိုင်ငံများကနယ်မြေအသီးသီးနေရာယူကြနေပြီး။ထိုမျှတိုးတက်သောအချိန်တွင်ယခုလက်ဝယ်ရှိ ကျနော်တို့ အသက်ရှည်ရပ်တည်မှုခက်ခဲသောဘ၀နှင့်နှိင်းယှဉ်လျင်လူ့ အခွင့် အရေး(Humanright) ဟူသောေါဟာရတစ်ခုကိုသုံးသပ်သင့်ပေသည်။နိုင်ငံတကာအသိအမှတ်ပြုသောလူ့အခွင့်အရေးဆယ်ချက်တွင်ကျနော်တို့ သိခွင့်ခံစားခွင့်မရပါလား၊(we are not animal, we are human being) ကျနော်တို့ သည် တိရစာန်မဟုတ်ပါ၊ ကျနော်တို့ သည် လူသားအဖြစ်အသက်ရှည်နေထိုင်သည်၊အဘယ်အတွက်ကြောင့် ကျနော်တို့ သည် တိုင်းတပါးနိုင်ငံတွင်ပြေလွားနေရသနည်း။ လူမှန်းသိတတ်စအချိန်ရွယ်ကစပြီးဒီကနေ့ အချိန်ထိလူ့ အခွင့်အရေးချိုးဖောက်မှု(broken the human right) ခံရခြင်းသာဖြစ်ပေသည်၊ လူ့ အခွင့်အရေးသည်ကြားဖူးရုံမျှသာရှိသည်၊လူ့ သဘာဝအရ လူသားတို့ သည် လွတ်လပ်မှု ၊ ငြိမ်းချမ်းမှု ၊ သာယာမှု ၊ ပျော်ရွင်မှု ၊မျှတမှုသဘောတရားကို နှစ်သက်ကြစမြဲပင်ဖြစ်သည်။ ထိုမျှကျယ်ပြန့် လှသောကမ်ဘာာမြေကြီးတွင်လူသားတစ်ဦးအတွက်အဘယ်ကြောင့်သာယာပျော်ရွှင်မှုကို နှစ်အနည်းငယ်မျှလောက် မပေးနိုင်သနည်း။အချို့ သော တောကြီး၊ မြိုင်ကြီး၊ ဂနိုင်ကြီးတိုတွင်လူ တစ်ဦးတစ်ယောက်မျှ မရှိကြပေ။ ဘာသာသဘောအရ ရသေ့၊ ရဟန်း၊သူတော်စင်၊မုဆိုးများသာရှိချင်ရှိလိမ်မည်။အဘယ်ကြောင့်လူသားတို့သည်မေ့တန်ကိုယ်စီမထားကြလေသနည်း။သက်ရှိသတ်တ၀ါတို့ သဘောအရ အားကြီးသော သတ်တ၀ါတို့သည် အားငယ်သောသတ်တါလေးများကိုအနိုင်ကျင့်ချင်စမြဲပင်။ အုပ်စုများသောသတ်တ၀ါတို့ သည် အုပ်စုနည်းသော သတ်တ၀ါလေးများကို အနိုင်ကျင့် အပေါ်စီးချင်စမြဲပင်။ လူသည်အသိညဏ်မြင့်မားသောသတ်တါဖြစ်သည်။ဥာဏ်ရည်မြင့်မားသည်။ထက်မြက်သည်။
စဉ်းစားတွေးခေါ်တတ်သည်။
လူ့သက်တန်းသည်(၈၀)၀န်းကျင်လောက်သာဖြစ်သည်။တစ်ဦးနှင့်တစ်ဦးအသိတရားမေ့တန်တရားများပင် မထားတတ်လေဘူးလား။လူသားတို့ အချင်းချင်းနားလည်မှုရှိကြလျင်လောကကြီးသည် အဘယ်မျှလောက်ပျော်ရွှင်စရာကောင်းလိမ့်မည်မသိ။ ကျနော်သည်သာမက( so many people victimize) ဒုက်ခရောက်သော လူအများတို့ သည် ကျနော် ကဲ့ သို့ ပင် အေးချမ်းသာယာလွတ်လပ်သော လောကအသစ် တစ်ခု ကို တောင့် တကြစမြဲပင်။ ။

ကရင်အမျိုးသားနိုင်ငံရေး

၁။ ကရင်များသည် အမွေဆိုင်များဖြစ်သည်
ကရင်များသည် မြန်မာပြည်တွင်းသို့  ဦးဦးဖျားဖျား ၀င်ရောက်လာသော လူမျိုးများဖြစ် သည်ဟု ရာဇ၀င်ဆရာကြီးများများက ၀န်ခံကြလေသည်။ ရာဇ၀င်တိုင်းလိုလိုပင် ကရင် များသည် မွန်နှင့်မြန်မာများမရောက်မှီ ကနဦးရောက်ရှိလာကြောင်းကို အတိအလင်း ရှင်းလင်းဖေါ်ပြ ထားသည်ကို တွေ့ ရှိကြရလေသည်။ နောက်မှ ရောက်ရှိလာကြသော လူမျိုးများ၏ စည်းလုံးမှု အင်အားတောင့်တင်းမှုတို့ ကြောင့် ကရင်များသည် မြန်မာပြည် အောက်ပိုင်းဒေသတလျှောက် နှင့် တောင်ရိုးပေါ်သို့  ရွှေ့ ပြောင်းနေထိုင်ကြရခြင်း ဖြစ်ပေ သည်။ ကရင်အမျိုးသားများသည် မြန်မာပြည်အရပ်ရပ်တိုင်း၌လိုလိုပင် ခုတ်တွင်ရှင်းလင်းပြီး လယ်မြေများဖြစ်အောင် လုပ် ဆောင်ခဲ့ကြသော်လည်း ညီညွတ်မှုနည်းပါးသဖြင့် မွန်နှင့်မြန်မာများက တလှည့်စိုးမိုးအုပ် ချုပ်ခဲ့ကြလေသည်။ မွန်များသည် မြန်မာပြည်ကြီးကို နှစ်ပေါင်းများစွာ အုပ်ချုပ်မင်းလုပ်ပြီး နောက် မြန်မာများက လက်နက်အင်အားပြုကာ ၉၅ နှစ်ခန့် မျှ ဆက်လက်မင်းလုပ်ခဲ့ကြ လေသည်။ ၎င်းနောက် အင်္ဂလိပ်များက နှစ်ပေါင်း တရာခန့်  ထပ်မံ၍ အုပ်ချုပ်ကြပြန်လေ သည်။ အတ္တလန္တိတ်စာချုပ်အရ အင်္ဂလိပ်များက မြန်မာများကို တိုင်းပြည်ပြန်လည်ပေးအပ်ခွင့် ရှိလျှင် မြန်မာများက ကရင်များကို တိုင်း ပြည်ပြန်အပ်နှင်းရေးအတွက် နှောင့်နှေးဘွယ်ရာမ ဟုတ်ချေ။ ရာဇ၀င်ကြောင်းအရ ကရင်များသည် မိမိတို့ ၏ ဓါးဦးမကျနေရာများကို မိမိတို့ ၏ စိတ်သဘောအရ အလိုအ လျှောက်စွန့် ခွာသွားခြင်းမဟုတ်ဘဲ သူတပါး၏ နိုင်ထက်စီးနင်းမှု ကြောင့်သာ ရှောင် တိမ်းထွက်ခွာပေးရခြင်းဖြစ်သဖြင့် ဤတိုင်းပြည်ကြီးသည် ကရင်အမျိုးသား များ၏ အမွေ ဆိုင်တိုင်းပြည်ကြီးဖြစ်သည်ဟု ဆိုကြရချေသည်။
၂။ မျိုးရိုးဇာတိမတူ ခြားနားသောလူမျိုးများဖြစ်ခြင်း
ကရင်လူမျိုးသည် မောင်ဂိုးလီးယားတိုင်းပြည်မှ ဆင်းသက်ပေါက်ဖွားလာ၍ မြန်မာလူမျိုး များသည် တိဘက်တိုဘာမင်လူမျိုးများမှ ဆင်းသက်ပေါက်ဖွားလာကြောင်းကို ရာဇ၀င် တိုင်းက ၀န်ခံကြလေသည်။ သို့ ဖြစ်၍ ကရင်နှင့်မြန်မာသည် ဇာတိပကတိအားဖြင့် အမျိုးမတူ သော လူမျိုးကွဲများဖြစ်ကြောင်း ထင်ရှားလေသည်။ ဘာသာစကား၊ စိတ်နေ သဘောထား၊ ယဉ်ကျေးမှုနှင့်ရိုးရာခြင်းမတူသော လူတမျိုးနှင့်တမျိုးတို့ သည် မည် သည့်နည်းနှင့်မျှ လူမျိုး တမျိုးတည်းဖြစ်သည်ဟု မစွပ်စွဲနိုင်၊ (၀ါ) ဖြစ်အောင်မလုပ်နိုင်၊ မပြုအပ်ချေ။ ဗမာကို ကရင်ဖြစ် ရမည်ဟူ၍၎င်း၊ ကရင်ကို ဗမာဖြစ်ရမည်ဟူ၍၎င်း၊ အတင်းသိမ်းသွင်းခြင်းငှာမအပ်။ လူမျိုးသည် လူမျိုးသာဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တထောင်ကျော်ခန့် က အတူတကွနေထိုင်ခဲ့သော မြန်မာနှင့်ကရင်များသည် ယနေ့ အ ထိ လူတမျိုးတည်း မဖြစ်နိုင်သေးသည်ကို ထောက်လျှင် နောင်ကိုလည်း မည်သည့် အခါမျှ လူတမျိုးတည်းဖြစ်နိုင်ဘွယ်ရာ အကြောင်းမရှိချေ။ သို့ြ့ဖစ်၍ မြန်မာသည် တိုင်း ပြည်နှင့်ရှိသည်ဖြစ်က ကရင်သည်လည်း တိုင်းပြည်နှင့် ရှိအပ်သည်ကို အမြော်အမြင် ကြီးသူတိုင်း ငြင်းကွယ်နိုင်ကြမည် မဟုတ်ချေ။
၃။ ကရင်သည် လူနည်းစုမဟုတ်
ကရင်အမျိုးသားများကို လူနည်းစုဟု ယူမှတ်ကြသော်လည်း အမှန်မှာ ကရင်သည် လူနည်း စုမဟုတ်ချေ။ ဂျပန်ခေတ်က ကောက်ယူသော သန်းခေါင်စာရင်းအရ ကရင် လူဦးရေမှာ ၄ သန်းခွဲမျှဖြစ်လေသည်။ တနင်္သာရီတိုင်း၌ ကရင်သည် လူများစုဖြစ်၍ ဧရာဝတီတိုင်း၌ ကရင် သည် မြန်မာများနှင့် လူဦးရေများစွာ ကွာခြားခြင်းမရှိသည့်အပြင် ယိုးဒယားပြည်၌ ကရင် အမျိုးသားဦးရေ နှစ်သန်းကျော်ရှိသည်ကို ကရင်အမျိုးသားတိုင်း သိရှိပြီးဖြစ်လေသည်။ အင်ဒို ချိုင်းနားပြည်၌လည်း ကရင်အမြောက်အများရှိသေးသည်။ မြန်မာပြည်၊ ယိုးဒယားပြည်နှင့် အင်ဒိုချိုင်းနား သုံးပြည်ထောင်ရှိကရင်အမျိုးသားများကို ပေါင်းလိုက်သည်ရှိသော် ကရင်သည် လူများစုဖြစ်ကြောင်း ပိုမိုနားလည်နိုင်ကြပေမည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ကချင် လူဦးရေသည် တသိန်းခွဲမျှသာရှိသော လူ နည်းစုကလေးပင် ဖြစ်ခဲ့သော်လည်း ယခုအခါ ကချင်လူမျိုးသည် ပြည်ထောင်စု တခုနှင့် ရှိနေကြပြီ။ သို့ နှင့် ကချင်အမျိုးသားများထက် အ ဆပေါင်းများစွာများပြားသော ကရင်လူမျိုးကို တိုင်းပြည်မရထိုက်ဟု အမြှော်အမြင်နည်းသူ များကသာ ဆိုနိုင်ကြပေသည်။ သို့ ဖြစ်၍ ကရင်အမျိုးသားများသည် တိုင်းပြည်ကို မရမခြင်း ကျေနပ်မှုရကြလိမ့် မည်မ ဟုတ်ချေ။

၎။ လူမျိုးတည်တံ့ခိုင်မြဲရေး
ကရင်လူမျိုးတို့ သည် ရာဇ၀င်ကြောင်းအရ အမျိုးရိုးဇာတိအားဖြင်၎င်း၊ သီးခြားသော လူမျိုးတ မျိုးဖြစ်သည့်အတိုင်း မိမိတို့ ၏အမျိုး တိမ်ကောပပျောက်သွားခြင်းကို အလျည်း မလိုလားကြဘဲ လူမျိုးတည်တံ့ခိုင်မြဲရေးကိုသာ အစဉ်သဖြင့် လိုလားတောင့်တကြလေ သည်။
ကရင်အမျိုးသားများသည် မိမိတို့ ၏ ရိုးသားခြင်း၊ ရဲရင့်ခြင်း၊ သစ္စာရှိခြင်း၊ ၀ိရိယ ရှိခြင်း၊ စိတ်သဘောဖြူစင်ဖြောင့်မတ်ခြင်းနှင့် စိတ်ထားမြင့်မြတ်ခြင်းတို့ ဖြင့် အမြဲဂုဏ်ယူ တတ်ကြလေ သည်။ မိမိတို့ ၏ ဘာသာစကားများကိုလည်း အမြတ်တနိုးထားကြလေသည်။ လူမျိုးရေး တည်တံ့မှုသည်ကား မိမိတို့ တိုင်းပြည်၊ မိမိတို့ ၏ အစိုးရရှိခြင်းအပေါ် တွင်သာ တည်လျက်ရှိ လေသည်။

ရည်ညွန်း ကရင်အမျိုးသားနှင့် နိုင်ငံရေးစာအုပ်မှ ကောက်နှုတ်ချက်။

ကရင်သီချင်းနှင့်ဝတ်စုံမောင်မယ်

Thursday, November 27, 2008

လူ့ အခွင့်အရေးကြေညာစာတမ်း


လူမျိုးစုများအပေါ် အတန်းအစားခွဲခြားမှု
လူမျိုးစုအခွင့်အရေးဆိုင်ရာ ကမ္ဘာကုလသမဂ္ဂ၏
သုံးသပ်ချက် ကြေညာစာတမ်း
(၁၁)ကြိမ်မြောက် အလုပ်အမှုဆောင်ဝင်များမှ သဘောတူ ကြေညာချက်မူကြမ်း
“လူမျိုးစုငယ်လေးများ၏ အခွင့်အရေးအပေါ် ကုလသမဂ္ဂ၏ ကြေညာချက်မူကြမ်းကို အသေးစိတ် ပြန်လည်သုံးသပ်ခြင်း”
(၁၁)ကြိမ်မြောက် အစည်းအဝေးဆိုင်ရာ အဖွဲ့ ဝင်များနှင့် အကျိုးဆောင်များ၏ မူကြမ်းအရ
လူမျိုးစုများသည်အခြားသောလူမျိုးများနည်းတူတန်းတူအခွင့်အရေးနှင့်ဂုဏ်သိက္ခာရှိသည်မှာအခိုင်အမာ ဖြစ်သည်။လူမျိုးစူငယ်များ၏အခွင့်အရေးများမှာသီးခြားရှိရမည့်နည်းတူ၊မိမိတို့သည်သီးခြားဖြစ်သည်ဟုလည်းသတ်မှတ်နိုင်ပြီး သီးခြားစွာအလေးထားရှိစေရမည်ကိုအခိုင်အမာအသိအမှတ်ပြုသည်။
လူသားအားလုံး၏အမွေအနှစ်ဖြစ်သောဓလေ့ထုံးတမ်းကွဲပြားသော၊ကြွယ်ဝသောယဉ်ကျေးမှုများသည်လူမျိုးအားလုံးနှင့်အကျုံးဝင်ကြောင်းလည်းအခိုင်အမာဖော်ပြထားသည်။အမျိုးသားဗီဇ၊အသားအရောင်၊ဘာသာရေး၊လူမျိုးနှင့်ယဉ်ကျေးမှုယဥ်ကျေးမှုကွဲပြားမှုအပေါ်အခြေခံသောဝါဒ၊သဘောတရားနှင့်လက်တွေ့ ဆောင်ရွက်ချက်များသည်ပုဂ္ဂလိဂနှင့်အမျိုးသားမဟာဝါဒများစွာရှိ၍လူမျိုးရေးအရကျဉ်းမြောင်းခြင်း၊ လက်တွေ့ မှားယွင်းခြင်း၊ တရားမ၀င်ခြင်း၊ မပြည့်စုံခြင်းမျှသာဖြစ်သည်။ လူမှုရေးအရ တရားမဲ့ ၍ စိတ်ဓါတ်ရေးရာအရ လက်မခံနိုင်စရာ ဖြစ်သည်ကို ပိုမို၍ အခိုင်အမာဖြစ်သည်။
လူမျိုးစုများ၏ အခွင့်အရေးဆုံးမှုများတွင် နယ်ချဲ့ ခြင်း၊ တစ်ဦးနှင့်တစ်ဦး အနိုင်အထက်ပြုခြင်းနှင့် အများပိုင်မြေ ၊ နေရာဒေသ၊သံယံဇာတ ပစ္စည်းများအတွက်အပြန်အလှန်လုယယ်မှုများကြောင့် လူမျိုးစုများ၏ အခြေခံ လွတ်လပ်ခွင့်နှင့် လူ့ အခွင့်အရေးများဆုံးရှုံးလာလျှင် ၄င်းတို့ အားကာကွယ်မှုတွင် ၄င်း၊ ၄င်းတို့ ၏ အခွင့်အရေးတိုးတက်မှု အတွက် ဆောင်ရွက်ရာတွင်၎င်း၊ ၄င်းတို့ ၏လိုအပ်ချက်များ၊ ဆန္ဒ ပြည့်ဝစေရေးများမြင့်တင်ရာတွင်၎င်း၊ သူတို့ ၏လိုအင် ဆန္ဒအတိုင်းသာဖြစ်ရမည်။
လူမျိုးစုများသည် ၄င်းတို့ ၏ အခွင့်အရေးကို ကျင့်သုံးရာတွင် မည်သည့်အဆင့်ခွဲခြားမှုမျိုးနှင့်မဆို ကင်းလွတ် ခွင့်ရှိရမည်ဟု ထပ်မံပြီးအခိုင်အမာဆိုသည်။ လူမျိုးစုများ၏အမွေအနှစ်၊ အမျိုးသားအဂါင်္ရပ်ကို အလေးထားရန် အရေးတကြီးလိုအပ်သည်ကို အသိအမှတ်ပြုသည်။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖွဲ့ စည်းပုံ၊ ယဉ်ကျေးမှု၊ မိရိုးဖ လာ၊ သမိုင်းနှင့်အတွေးအခေါ်အရ ရရှိသော မြေယာ၊ နယ်ပယ်ဒေသနှင့်သယံဇာတပစ္စည်းများ ပိုင်ဆိုင်ခွင့်တို့ ရှိသည်။
မည်သည့်ဒေသများတွင်မဆို ဖြစ်ပေါ်သော လူ့ အဆင့်အတန်းခွဲခြားမှု၊ အနိုင်အထက်ပြုကျင့်မှုများ အဆုံး သတ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ တိုးတက်မြင့်မားစေရေး၊ လူမျိုးစုတို့ ၏ နိုင်ငံရေး ၊စီးပွားရး၊ လူမှုရေးတို့ နှင့်သက်ဆိုင် သော စည်းရုံးမှုများကို ကြိုဆိုသည်။လူမျိုးစုများ၏ အဖွဲ့ အစည်းများ၊ ယဉ်ကျေးမှုနှုင့်ဓလေ့ထုံးစံထိန်းသိမ်းရေများ ခိုင်မာ လာစေရန်အလို့ ငှာ ၄င်းတို့ ၏ဆန္ဒနှင့်လိုအပ်ချက်များအရသာဖြစ်စေပြီး လူမျိုးစုတို့ ၏နယ်ပယ် မြေယာဒေသနှင့် သယံဇာ
တ ပစ္စည်းများကို ထိရောက်စွာ ထိန်သိမ်းမှုမြင့်တင့်ရမည်ကို သဘောပေါက်သည်။သင့်လျော်သော ပတ်ဝန်းကျင်ထိန်း သိန်းမှု၊ စောင့်ရှောက်မှု၊ တိုးတက်မှု ၊တည်တံ့မှုတို့ အတွက် အကျိုးပြုသော လူမျိုးများ၏ဗဟုသုတ ၊ယဉ်ကျေးမှုနှင်အစဉ် အလာ ဆောင်ရွက်ချက်များအား လေးစားခြင်းကို အသိအမှတ်ပြုသည်။
လိုအပ်သော ငြိမ်းချမ်းသာယာရေး၊ စီးပွားရေးနှင့်လူမှုကြီးပွားတိုးတက်ရေး၊ စစ်ရေးစစ်ရာချုပ်ငြိမ်းရေးနှင့်နိုင်ငံ တကာနှင့်ပေါင်းသင်းဆက်ဆံရေး ၊ နားလည်မှုရှိစေရေးစသည်တို့ တွင် ၊ အကြုံးဝင်သော လူမျိုးစုတို့ ၏နယ်ပယ်၊ မြေယာ များကို စစ်ရေးကြောင့်စစ်တပ်မှ သိမ်ပိုင်ခြင်းမှကင်းလွတ်ချုပ်ငြိမ်းစေရေးများကို အဓိကထားသည်။ လူမျိုးစုများ၏မိသားစု အဖွဲ့ အစည်းများနှင့်ကျေးရွာများရှိ မိမိတို့ ၏ကလေးသူငယ်များသည် ကျန်းမာသန်စွမ်းရေး၊ပညာရေး ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းတွင် လူမျိုးစုများပါဝင်ခြင်းကို အထူးအသိအမှတ်ပြုသည်။
အပြည့်အ၀လေးစားမှု ၊ ပိုမိုအကျိုးရှိမှုနှင့်အတူတကွနေထိုင်မှု စသည်တို့ တွင် ၊ လူမျိုးစုများသည် တိုင်းနှင့် ပြည်နယ်တွင် လွတ်လပ်စွာ ပြဌာန်းနိုင်ခွင့် အခွင့်အရေးရှိသည်ကို အသိအမှတ်ပြုသည်။ လူမျိုးစုများနှင့် နိုင်ငံတော်အစီုးရ များအကြား ချုပ်ဆိုသော ပဠိညာဉ်စာချုပ်နှင့်သဘောတူညီချက် စသည့်လုပ်ဆောင်ချက်ဟူသမျှသည် နိုင်ငံတကာနှင့် သက်ဆိုင်သည်ဟု ယူဆရသည်။ ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်၊ နိုင်ငံတကာ စီးပွားရေး ၊လူမှုရေး၊ ရိုးရာ ယဉ်ကျေးမှုများဆိုင်ရာ ပဠိညာဉ်စာချုပ်နှင့် နိုင်ငံတကာ နိုင်ငံရေးနှင့်ပြည်တွင်းရေးဆိုင်ရာ ပဠိညာဉ်စာချုပ်တို့ သည် လူသားတို့ ၏ လွတ်လပ်စွာပြဌာန်းခွင့်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများဆိုင်ရာဖွံ့ ဖြိုးတိုးတက်မှုစသည်တို့  တွင် လူသားအားလုံး၏အခြေခံကျသော ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခိုင်အမာအခွင့်အရေးဖြစ်သည်။
ဤထုတ်ပြန်သော ကြေညာစာတမ်း၌ လူမျိုးအသီးသီး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းဆိုရန် အသုံးပြုခြင်း အလင်းမရှိစေရ။ နိုင်ငံတကာ စာချုပ်များအထူးသဖြင့် လူ့ အခွင့်အရေးနှင့်သက်ဆိုင်သော ကိစ္စများတွင် ထိရောက်စွာအ ကောင်အထည်ဖော်ဆောင်မှုအတွက် သက်ဆိုင်သော လူမျိုးစုတို့ နှုင့် နှီးနှောတိုင်ပင်ခြင်း၊ ပါဝင်ကူညီဆောင်ရွက်နိုင်ခြင်း ကို နိုင်ငံတော် အစီုးရသို့ တိုက်တွန်းသည်။လူမျိုးစုတို့ ၏အခွင့်အရေးကို ကာကွယ်ရာတွင်သော်၎င်း၊ စောင့်ရှောက်ရာတွင် သော်၎င်း၊မြင့်တင်ရာတွင်သော်၎င်း၊ ကုလသမဂ္ဂသည် အရေးပါသော အခန်းကဏ္ဍတွင် ဆက်လက်၍ ဆောင်ရွက်သွား မည်။
လူမျိုးစုတို့ ၏ မွေးရာပါလူ့ အခွင့် အရေးကို ကာကွယ်ခြင်း၊ လွတ်လပ်မှု ၊ မျှတမှု ၊ ညီးတူမှု ကာကွယ်ခြင်း မြင့်တင်ခြင်းကို အသိအမှတ်ပြုရန် သက်ဆိုင်ရာကုလသမဂ္ဂ၏ ကြေညာစာတမ်းကို အောက်ဖော်ပြပါ အချက်များအရကြေ ညာအပ်ပါသည် ။ ။

လူမျိုးစုငယ်များအခွင့်အရေး


အပိုင်း(၁)
အပိုဒ်(၁)
ကုလသမဂ္ဂ၏ စာချုပ်တွင် ပါရှိသောကုလသမဂ္ဂနှင့် တကမ္ဘာလုံးဆိုင်ရာထုတ်ပြန် ကြေညာချက်တွင် လူ့ အခွင့်အရေးများနှင့် လူ့ အခွင့်ရေးဆိုင်ရာ ဥပဒေများတွင် လူမျိုးစုများသည် လူ့ အခွင့်အရေးအားလုံးနှင့်အခြေခံလွတ်လပ်ခွင့်များကို အပြည့်အ၀ထိထိရောက်ရောက် ခံစားခွင့်ရှိသည်ကို ထောက်ခံသည်။
အပိုဒ် (၂)
လူမျိုးစုများသည် တဦးချင်းသော်၎င်း၊ အသင်းအဖွဲ့ နှင့်သော်၎င်း၊ အခြားလူများနှင့်သော်၎င်း၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးတန်းတူရည်တူရှိပြီး ၊ မည်သည့်ဆန့် ကျင်ဖက်ခွဲခြားမှုမျိုးမဆို(အထူးသဖြင့် မိမိတို့ ၏လူမျိုးနှင့်ဆိုင်သောအရာများကို အခြေခ့သော အကြောင်းများ) ကင်းလွတ်ရမည်။
အပိုဒ် (၃)
လူမျိုးစုသည် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည်။ ယင်းအကျိုးဆက်မှာ မိမိတို့ ၏နိုင်ငံရေးအခြေအနေကို လွတ်လပ်စွာ ပြဌာန်းနိုင်ပြီး လူမှုရေး၊ စီးပွါးရေး တိုးတက်မှုတို့ တွင် လွတ်လပ်စွာ ကျိုးပမ်းဆောင်ရွက်သွားနိုင်သည်။
အပိုဒ် (၄)
လူမျိုးစုတို့ သည် မိမိတို့ ၏နယ်မြေအတွင်း နိုင်ငံရေး ၊ စီးပွါးရေး၊ လူမှုရေးနှင့် အရည်အချင်းများကို အခိုင်အမာထိန်းသိမ်းစေနိုင်ပြီး၊ တရားဥပဒေကိုလည်း ထိန်းသိမ်းပြုစုနိုင်ခွင့်အပြင် မိမိတို့ ဆန္ဒရှိက နိုင်ငံတော်ရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင်လည်းပါဝင်နိုင်သည်။
အပိုဒ် (၅)
လူမျိုးစုအတွင်း တဦးချင်းစီတွင် မိမိနှစ်သက်ရာ မည်သည့်နိုင်ငံဖြစ်ကိုမဆို ခံယူနိုင်ခွင့်ရှိသည်။
အပိုင်း(၂)
အပိုဒ်(၁)
လူမျိုးစုတို့ သည် လွတ်လပ်စွာနေထိုင်မှု၊ အေးချမ်းသာယာစွာနေထိုင်မှု၊ လုံခြုံမှုစသည့် အခွင့်အရေးများကို ခံစားရမည်။ အမျိုးပြုတ်သတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ လူမျိုးစုတို့ ၏ခလေးလူငယ်များကို မိသားစု သို့ မဟုတ် အသင်းအဖွဲ့ မှ ခွဲထုတ်ခြင်းတို့ မှ လွတ်ကင်းခွင့်စသော သင့်လျော်သည့် အခွင့်အရေးရှိသည်။
ဆက်လက်၍ လူမျိုးစုတို့ သည် တဦးတယောက်စီသည် အသက်ရှင်ပိုင်ခွင့်၊ စိတ်နှင့်ခန္ဓာ လွတ်လပ်မှုနှင့် လုံခြုံမှုရှိရမည်။

အပိုဒ်(၂)
လူမျိုးစုတို့ သည် တစ်ဦးချင်းဖြစ်စေ၊ လူမျိုးစုအလိုက်ဖြစ်စေ၊ လူမျိုးအလိုက်ပပျောက်ခြင်း၊ယဉ်ကျေးမှု ပပျောက်ခြင်းတို့ တွင် မည်သို့ မျှတစ်စုံတစ်ရာ တွန်းအားကြောင့်မျှမရှိစေရ။ ထို့ နည်းတူ ယင်းတို့ ကိုအောက်ပါအတိုင်း ပြန်လည်ပြုပြင်ကာကွယ်ရ မည်။
(က) မိမိတို့ လူမျိုးတစ်မျိုးတည်းရပ်တည်မှု (သို့ ) မိမိတို့ ၏ယဉ်ကျေးမှုတန်းဖိုး အပြည့်အ၀ နေထိုင်မှုတို့ ကို ယုတ်လျော့စေ သော ရည်ရွယ်ချက်(သို့ )ထိပါးသော ဆောင်ရွက်မှု ၊
(ခ) မိမိတို့ လူမျိုး၏ မြေယာ၊နယ်ပယ်ဒေသ၊ သယံဇာတပစ္စည်းများ ပိုင်ဆိုင်မှုကို ထိပါးအောင်ရည်ရွယ်သော လုပ်ဆောင်ချက်၊
(ဂ)လူထုကိုရွေ့ ပြောင်းခြင်းအားဖြင့် လူ့ အခွင့်အရေးများကို ချိုးဖောက်ခြင်း(သို့ )ဖျက်ဆီးဖို့ အလို့ ငှာရည်ရွယ်ခြင်း(သို့ )ထိပါး သော လုပ်ဆောင်ချက်၊
(ဃ) ဥပဒေ ပြဌာန်းချက်အားဖြင့် အုပ်ချုပ်ရေးအရ သော်၎င်း၊ အခြားသောနည်းဖြင့် ယဉ်ကျေးမှု ရောနှေခြင်း၊ သိမ်းသွင်းခြင်း စသောလုပ်ဆောင်ချက်၊
(င)၄င်းတို့ အား တိုက်ရိုက်ဖျက်ဆီးစေသော မည်သည့်ဝါဒဖြန့်ချိရေးမဆို၊
အပိုဒ်(၃)
လူမျိုးစုတို့ သည် တစ်ဦးချင်းသော်၎င်း၊ အစုအဖွဲ့ အရသော်၎င်း၊ မိမိတို့ ၏ ဂုဏ်သိက္ဓာကို ထိန်းသိမ်းထားရှိရန်နှင့် တိုးတက်စေ ရန် အခွင့်အရေးရှိပြီး၊ မိမိတို့ ကိုယ်ကို လူမျိုးတစ်မျိုးအဖြစ်သတ်မှတ်ရန် အခွင့်အရေးရှိသည်။
အပိုဒ်(၄)
လူမျိုးတစ်စုလုံး(သို့ )တစ်ဦးတယောက်စီတိုင်းသည် အခြားလူမျိုးစုအဖွဲ့ အစည်း (သို့ ) တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံပိုင်ခွင့် ရှိ ပြီး ယင်းလူမျိုးအဖွဲ့ အစည်း(သို့ )နိုင်ငံ၏ဓလေ့ထုံးစံနှင့် သော်၎င်းသက်ဆိုင်သည်။ ယင်းအခွင့်အရေးကို မည်သည့်လုပ်ရပ်များ မျိုးနှင့်မျှ ထိပါးမှုမရှိစေရ။
အပိုဒ်(၅)
လူမျိုးစုတို့ ကို မိမိတို့ မြေယာ(သို့ )နယ်ပယ်အတွင်းမှ အတင်းအဓမ္မရွေ့ ပြောင်းခြင်းမပြုရ၊ မိမိတို့ သဘောတူညီချက်မရရှိပဲ ရွေ့  ပြောင်းခြင်းမပြုရ။ သဘောတူညီမှု ရှိလင့်ကစားသင့်လျှော်သော လျှော်ကြေးနှင့်အညီ ရွေးချယ်သတ်မှတ်သည့် အချက်များအ ပေါ် ပြန်လည်ပို့ ဆောင်ခြင်းရှိစေရမည်။
အပိုဒ်(၆)
လက်နက်ကိုင် ပဠိပက္ခကာလအတွင်း လူမျိုးစုတို့ အတွက်၊ အထူးအကာအကွယ်နှင့် လုံခြုံမှုရှိစေရန် အခွင့်အရေးရှိသည်။နိုင်ငံ အသီးသီးသည် နိုင်ငံတကာ၏ စံချိန်စံညွန်းကို ကြည့်ရှုရမည်။ အထူးသဖြင့် ၁၉၄၉ ခုနှစ် ဂျီနီဗာ၏ စတုတ္ထအကြိမ် ညီလာခံမှ သတ်မှတ်သည့် ပြည်သူလူထုများအား ကာကွယ်စောင့်ရှောက်မှုကို ဆုံးဖြတ်ချက်အရဖြစ်သည်။
(က)အခြားလူမျိုးစုတစ်ခုကို ဆန့် ကျင်ရန်အတွက် လူမျိုးစုများအား ၄င်းတို့ အလိုမတူပဲ စစ်သားစုဆောင်းရေးတွင်အသုံးမပြုရ။
(ခ)အခြားအကြောင်းအမျိုးမျိုးကြောင့် လူမျိုးစုတို့ ၏ကလေးသူငယ်များကို တပ်မတော်အတွင်းစစ်သားစုဆောင်းခြင်းမပြုရ။
(ဂ)စစ်တပ်၏ အစဉ်အစီအရ လူမျိုးစုတစ်ရပ်လုံးဖြစ်စေ၊ တစ်ဦးခြင်းဖြစ်စေ၊ မိမိတို့ မြေယာ(သို့ )နယ်ပယ်တို့ ကို အတင်းအဓမ္မ စွန့် ခွာစေခြင်းမျိုးကို မပြုလုပ်ရ။
(ဃ)စစ်တပ်၏အစဉ်အစီအရ လူမျိုးစုခွဲခြားရေးအနေဖြင့် လူမျိုးစုတစ်ရပ်လုံး(သို့ )တစ်ဦးချင်းအား အတင်းအဓမ္မခိုင်းစေခြင်းမ ပြုရ။
အပိုင်း(၃)
အပိုဒ်(၁)
လူမျိုးစုများသည် မိမိတို့ ၏အစဉ်အလာယဉ်ကျေးမှု ၊ဓလေ့ထုံးတမ်းများကို ပြန်လည်ရှည်သန်မှုတွင် အခွင့်အရေး ရှိသည်၊ဤအခွင့်အရေးတွင် စာပေ၊ အနုပညာဖော်ထုပ်ခြင်း၊ စက်မှုပညာ၊ ပွဲလမ်းသဘင်ကျင်းပခြင်း၊ ဆောက်လုပ် ရေးပညာ၊ ရှေးဟောင်းပစ္စည်းများစုဆောင်းခြင်း၊ လုပ်ငန်းများဆိုင်ရာသမိုင်းဌာနများကို ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု အသိအလိမ္မာ ၊ ဘာသာရေးနှင့်ဝိညဉ်ရေးဆိုင်ရာ ပစ္စည်းများကို သဘောတူညီမှုမရပဲ သိမ်းယူခြင်း(သို့ ) ၄င်းတို၏ ဥပဒေထုံးတမ်းအစဉ်အလာကို ချိုးဖောက်ခြင်းစသည့် ဆုံးရှုံးမှုတို့ အပေါ် ပြန်လည်ရယူနိုင်သည့် အခွင့်အရေးရှိသည်။
အပိုဒ်(၂)
လူမျိုးစုများသည် ၄င်းတို၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ ၀ိ ညာဉ်ရေး၊ ရိုးရာဓလေ့ သင်ကြားခြင်းပေါ်လွင်ထင် ရှားစေခြင်း၊ တိုးတက်စေရန် စီမံခြင်းတို့ အတွက်အခွင့်အရေးရှိသည်။၎င်းတို့ ဘာသာဓလေ့ကို စောက်ရှောက်ထိန်း သိမ်းခြင်း၊ ၄င်းတို့ ဓလေ့ဆိုင်ရာ ကန့် ကွက်ခြင်းနှင့် ၄င်းတို့် လူမျိုးတည်တံ့စေရန် အခွင့်အရေးရှိသည်။ အစိုးရအနေ နှင့်လူမျိုးစုငယ်လေးများနှင့် ဆက်စပ်မှုအပေါ် ၄င်းတို့ အထွတ်အထိပ်ထားရာ နေရာ(သို့ )သင်္ချိုင်းစသည်များကို ကာ ကွယ်လေးစားစွာ ခွင့်ပြုဆောင်ရွက်သင့်သည်။
အပိုဒ်(၃)
လူမျိုးစုများသည် ၄င်းတို့ ၏ဘာသာစကား၊ ပြောဆိုမှုအတွေးအခေါ်အရေးအသားနှင့်စာပေ၊ လူ့ အသင်းအဖွဲ့ နေရာ များကို အားအင်ပြည့်စုံပြည့်ဝစေခြင်း၊ တိုးတက်စေခြင်းများကို ၄င်းတို့ ၏အနာဂတ် မျိုးဆက်သစ်အတွက်လုပ်ဆောင် နိုင်ခွင့်ရှိသည်။တိုင်း၊ အစိုးရအနေနှင့် အချိန်အခါမရွေး၊ လူမျိုးစုများ ခြိမ်းခြောက်ခံရမှုအပေါ် ၄င်းတို ၏ အခွင့်အရေး ကာကွယ်မှုကိုဆောင်ရွက်နိုင်သည်။ထို့ အတူ ၄င်းတို့ ၏ရှေ့ လုပ်ငန်းစဉ်၊၄င်းတို့ ၏နောင်ရေးအတွက် ဆောင်ရွက်မှု အပေါ် အဓိပ္ပယ်ကောက်နုတ်ချက်များအပေါ် ပြည့်စုံစေရန်ဆောင်ရွက်ချက်များခွင့်ပြုသင့်သည်။
အပိုင်း(၄)
အပိုဒ်(၁)
လူမျိုးစုငယ်များသည်နိုင်ငံတော်၏ပညားရေးကို ရရှိရန်အခွင့်အရေးရှိသည်။လူမျိုးစုတိုင်းသည် ၄င်းတို့ ၏ ပညာရေးစ နစ်ကို ကာကွယ်ထိန်းသိမ်းခွင့်ရှိပြီး သင်ကြားမှု၊ သင်ယူမှုတို့ တွင်၎င်းတို့ ၏ဘာသာဓလေ့ထုံးစံနှင့်ကိုက်ညီသော နည်းလမ်းများဖြစ်ရမည်။လူမျိုးစုလေးများသည်၎င်းတို့ ၏အသင်းအဖွဲ့ မိရိုးဖလာနှင့်ကင်းကွာနေသော်လည်း ၄င်းတို့  ပညာရေးရှေစဉ်လုပ်ငန်းများတွင်၎င်းတို့ ၏ ကိုယ်ပိုင်စာပေနှင့်ယဉ်ကျေးမှုဖြစ်စေရမည်။မင်း၊အစိုးရ အနေနှင့်သော် ၄င်း ယင်းတို့ ၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များအပေါ်ကိုက်ညီသော ထောက်ပံ့မှုရှိရမည်။
အပိုဒ်(၂)
လူမျိုးစုများသည် ၄င်းတို့ ၏ ဓလေ့၊ရိုးရာ၊ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာထင်ဟပ်မှုရှိသော ဦးတည်ချက်တို့ တွင် ၄င်းတို့ ၏ဂုဏ်သရေနှင့်ကွဲပြားမှုများအပေါ် ပြည့်ဝသော အခွင့်အရေးများရှိသည်။ ယင်းအစိုးရအနေနှင့်လည်း လူ မျိုး စုလေးများနှင့်၎င်းတို့ အသင်းအဖွဲ့ များနှင့် နားလည်မှုရယူပြီးချစ်ကြည်ရင်းနှီးမှုများအတွက်ဖေးဖေးမမနှုင့်သည်းခံပံ့ပိုး မှုရှိစေရမည်။
အပိုဒ်(၃)
လူမျိုးစုများသည် လူထုဆက်သွယ်ရေး ၊ရေဒီယို၊ ရုပ်မြင်သံကြား၊စာနယ်ဇင်းတွင် ၄င်းတို့ ကိုယ်ပိုင်စာပေနှင့်ဖြစ်စေရန် ထူထောင်ပိုင်ခွင်ရှိစေရမည်။မင်းအစိုးရအနေဖြင့်လည်း၎င်းတို့ သတင်းစာဆရာများ၏ထုပ်ပြန်မှုများသည် ကွဲပြာခြား နားသော လူမျိုးစုတစ်ဦးချင်းများအပေါ် ကိုက်ညီမှုရှိစေရမည်။
အပိုဒ်(၄)
လူမျိုးစုအားလုံးတို့ သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားဥပဒေနှင့် တိုင်းပြည်၏အလုပ်သမားဥပဒေ လမ်းညွန်မှု ဖြင့်ရေးဆွဲထားသောဥပဒေတို့ ကိုကျေနပ်နှစ်သိပ်မှု အပြည့်အ၀ရှိသည်။လူမျိုးစုတို့သည် ၄င်းတို့ ၏အလုပ်အကိုင် နှင့်လစာအနေအထားများအပေါ် အခြေခံ၍ အဆင့်အတန်းခွဲခြားမှု ချုပ်ကိုင်မှု လုံးဝမရှိစေရ။
အပိုင်း(၅)
အပိုဒ်(၁)
လူမျိုးစုများသည် အခြေအနေအရပ်ရပ်အပေါ် ၄င်းတို့ အခွင့်အရေး၊ နေရေး၊ထိုင်ရေး၊ ကံကြမ္မာတို့ အားကာကွယ် စောင့်ရှောက်ပြီး ဖွံ့ ဖြိုးစေရန် ၄င်းတို့ အဖွဲ့ အစည်းဆိုင်ရာဆုံးဖြတ်ခွင့်တို့ တွင်၎င်းတို့ က ၄င်းတို့ ၏ လုပ်နည်းလုပ် ထုံးအတိုင်း ပိုင်ပိုင်နိုင်နိုင်လက်ခံဆုံးဖြတ်ခွင့် အပြည့်အ၀ရရှိနိုင်သောအခွင့်အရေးရှိသည်။
အပိုဒ်(၂)
လူမျိုးစုများသည် ၄င်းတို့ နှင့်ပတ်သက်သော တရားဥပဒေနှင့်စီမံခန့် ခွဲမှုများ(သို့ )တရားဥပဒေများကို ဖန်တီးရာတွင် ၄င်းတို့ နှစ်သက်မှုမရှိပါက ၄င်းတို့ လုပ်နည်းလုပ်ထုံးအတိုင်း သတ်မှတ်ပြဌာန်းနိုင်သည့်အခွင့်အရေးတွင် ပြည့်ဝစွာပါ ၀င်နိုင်သောအခွင့်အရေးရှိသည်။ မင်းအစိုးရသည် ၄င်းတို့ ၏အစီအမံချက်များတွင် အကောင်အထည်ဖော်မှုများအ ပေါ်ကျင့်သုံးရာတွင်လူမျိုးစုငယ်လေးများ၏ လွတ်လပ်စွာဆုံးဖြတ်ချက်၊ ခွင့်ပြုချက်ရယူရမည်။
အပိုဒ်(၃)
လူမျိုးစုအားလုံးသည် ၄င်းတို့ ၏ရှည်သန်ရပ်တည်ရေး၊တိုးတက်မှု ၊ပျက်သုံးမှုများအပေါ် ထိုက်တန်သော နစ်နာကြေး တို့ ညီမျှမှုရှိစေရေး၊ ယင်းတို့ ၏ရိုးရာဓလေ့နှင့်စီးပွားရေးလုပ်ဆောင်မှုများအတွက် လုံခြုံသောခိုင်မာမှုများရှိစေရေးနှင့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးတို့ အားကာကွယ်ထိန်းသိမ်းမြင့်တင့်ရေးတွင်ပြည့်ဝစွာ ဆောင်ရွက်နိုင်သောအခွင့်အရေး ရှိသည်။
အပိုဒ်(၄)
လူမျိုးစုများ၏ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းများနှင့် သက်ဆိုင်သည့်အိမ်ယာတည်ဆောင်ခြင်း၊ ကျန်းမာ ခြင်းနှင့်ညီညွတ်ရေးတို့ အတွက်ဆောင်ရွက်ခြင်း၊ လူမှုဘ၀ လုံခြုံမှုနှင့်၎င်းတို့ ၏ လူမှုရေး၊ စီးပွားရေးများအဆက်မ ပြတ်တိုးတက်မှုအတွက် ဆောင်ရွက်ရာ၌ အထူးခွင့်ပြုချက်ရရှိစေမည့်အခွင့်အရေးရှိသည်။မျက်မှောက်အာရုံစူးစိုက် မှု တို့ သည်သက်ဆိုင်ရာ လူမျိုးစုတို့ ၏ လူငယ်၊ ခလေး၊ မသန်မစွမ်းတို့ အတွက်အထူးအခွင့်အရေးနှင့်လိုအပ်ချက်ရှိရ စေလိမ့်မည်။
အပိုဒ်(၅)
လူမျိုးစုတို့ သည် ၄င်းတို့ ၏အခွင့်အရေးတိုးတက်မြင့်မားမှုတို့ ကိုကျင့်ကြံရာတွင် မိမိတို့ ၏ ဦးတည်ချက်နှင့်ဆုံးဖြတ် ချက်တို့ သည်ပြည့်ဝသောအခွင့်အရေးရှိသည့်နည်းတူ မိမိတို့ ၏ကိုယ်ပိုင် အသင်းအဖွဲ့ မှလာသောအစီအစဉ်များကို စီစဉ်ကြီးကြပ်ကွပ်ကဲရာတွင်၎င်းတို့ အတွက်သက်ရောက်မှုရှိ၍ တိုးတက်မှုဖြစ်စေသည့် ကျန်းမာရေး၊ အိမ်ယာထူ ထောင်ရေး၊အခြားသောလူမှုရေးနှင့် စီးပွားရေးဆိုင်ရာအစီအစဉ်များကို ပိုင်နိုင်စွာဆုံးဖြတ်နိုင်သော အခွင့်အရေး၌ တိကျစွာရရှိစေရမည်။
အပိုဒ်(၆)
လူမျိုးစုများသည် ၄င်းတို့ ရိုးရာဆေးဝါးကုသမှုနှုင့် ၄င်းတို့ ဆေးဝါးတွင်အသုံးပြုသော အပင်၊ တိရစ္ဆာန်၊ဓါတ်သတ္ထုတို့  ကို ကာကွယ်နိုင်သော အခွင့်အရေးရှိသည်။ထို့ အတူ၎င်းတို့ ၏ရိုးရာနှင့်စပ်လျဉ်းသော ကျန်းမာရေးကုသမှုတို့ သည် အဆင့်အတန်းကင်းလွတ်ရမည့် အခွင့်အရေးရှိသည်။

karen twist tying ceremony


Computer Training Students