Thursday, December 18, 2008

ဖီ့ဗူးယော်ပူဇော်ပွဲ


ဖီ့ဗူးယော်ပူဇော်ပွဲ ကျင်းပခြင်းအခမ်းအနားအစီအစဉ်
ဖီ့ဗူးယော်ပူဇော်ပွဲကို နှစ်သစ်ကူးနေ့ နံက်ပိုင်းတွင် ပြုလုပ်လေ့ရှိကြသည်။ နံနက်နေအာရုံတက်ချိန်တွင် ကရင်အမျိုးသားအလံတော်အား လွင့်ထူခြင်း၊ နှစ်သစ်ကူးနေ့  အထိမ်းအမှတ်ဟောပြောပွဲများ ပြုလုပ်ခြင်းများ ပြီးနောက် ဖီ့ဗူးယော်ပူဇော်ပွဲကို တစ်ဆက်တည်းကျင်ပကြသည်။ ဖီ့ဗူးယော်ပူဇော်ပွဲပြုလုပ်သည့် အခမ်းအနားအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ပွဲတော်အကြီးအမှူး (၁)ဦးနှင့်အရန်(၂)ဦးတို့ က၊ ရာဇမတ်ဝင်းအတွင်းသို့  စတင်နေရာယူခြင်း။
နေ့ (၇)နေ့ စုံသော အဖိုး (၇)ဦးနှင့် အဖွား (၇)ဦးတို့ က မြေငယ်များခြံရန်လျက် နေရာယူခြင်း။
ပွဲတော်အကြီးအမှူးမှစပါးလိပ်ပြာများအသီးသီးပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသောအားဖြင့် ရွတ်ဖတ်ပူဇော်ခြင်း။
ပွဲတော်အကြီးအမှူးက ဦးဆောင်လျက် အဖိုးအဖွားနှင့် မြေးငယ်များအားလုံး ရာဇမတ်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွါခြင်း။
အထက်ပါအခမ်းအနားအစီအစဉ်ဖြင့် ဆောင်ရွက်ရာတွင် ဆောင်ရွက်သည့် လုပ်နည်းလုပ်ဟန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပွဲတော်အကြီးအမှူးများနေရာယူအပြီးတွင် နေ့ (၇)နေ့ စုံသော အဖိုး(၇)ဦးနှင့်အဖွား(၇)ဦးတို့ သည် မြေးငယ်များက ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်းအတွင်းသို့  ဆက်လက်နေရာယူကြသည်။ ရာဇမတ်ဝင်းအတွင်းရှိ စပါးပုံအား လက်ယာရစ် ဖြင့် (၃)ပတ်တိတိလှည့်ပတ်ပူဇော်ပြီးနောက် စပါးပုံ၏ လက်ယာဘက်တွင် အဖိုး(၇)ဦးကလည်းကောင်း၊ လက်ဝဲဘက်တွင် အဖွား(၇)ဦးကလည်းကောင်း ၊ နေ့ နာမ်အလိုက်အသီးသီးနေရာယူကြသည်။ မြေးငယ်များက အဖိုးအဖွား၏ နောက်၌ နေရာယူကြသည်။ထိုသို့ နေရာယူပြီးချိန်တွင် ပွဲတော်အကြီးအမှူးသည် စပါးလိပ်ပြာများအသီးသီး ပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသောအားဖြင့် ကရင်ဘာသာဖြင့် စတင်၍ ရွတ်ပါသည်။ ပွဲတော်အကြီးအမှူးရွတ်ဖတ်ပူဇော်ခြင်း ပြီးဆုံးသည့်အခါတွင် အဖိုးအဖွားများက စပါးပုံအား အမွှေးနံသာရည်များ ပက်ဖြန်းကြပြီး မြေးငယ်များက ပေါက်ပေါက်ဆုပ်များ ကြဲပက်ကြသည်။ ပြီးနောက် ပွဲတော်အကြီးအမှူးက ရှေ့ဦးမှ ဦးဆောင်ပြီး အဖိုးအဖွားနှင့်မြေးငယ်များတို့ နောက်မှ ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်းအတွင်းမှ အသီးသီးပြန်လည်ထွက်ခွါကြသည်။
ပွဲတော်၌ဧည့်ခံကျွေးမွေးရန် အသင့်ပြုလုပ်ထားသော ရိုးရာစားဖွယ်သောက်ဖွယ်များ ခေါင်ရည်များကို ပွဲတော်လာပရိတ်သတ်များအား တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ ကရင်ယဉ်ကျေးမှု လူငယ်မောင်မယ်များကလည်း ပရိတ်များအား ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေပေးကြသည်။
နိဂုံး
ဖီ့ဗူးယော်ပူဇော်ပွဲကို ကရင်လူမျိုးများနေထိုင်ရာ ကျေးလက်ဒေသများတွင် နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်အတူ ယခင်က ယှဉ်တွဲပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မှေးမှိန်လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေသည်။ ကရင်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ဖြန့် ပွားရေးအသင်းသည် ပျောက်ကွယ်လုနီးပါးဖြစ်သော ဖီ့ဗူးယော်ပူဇော်ပွဲရိုးရာဓလေ့ကိုဖေါ်ထုတ်ထိမ်းသိမ်းမြှင့်တင်သောအားဖြင့် ဖါးအံမြို့ ပေါ်တွင်ကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်များတွင် သရုပ်ပြပွဲအဖြစ် ကျင်းပပြသနိုင်ခဲ့သည်။အဆိုပါ သရုပ်ပြပွဲမှ ရိုက်ကူးထားသော မှတ်တမ်းဓါတ်ပုံများကို ရန်ကုန်မြို့  တပ်မတော်စစ်သမိုင်းပြတိုက်တွင် အများပြည်သူလေ့လာနိုင်ရန် ချိတ်ဆွဲပြသထားသည်။
ကရင်အမျိုးသားတိုင်း မိမိတို့ ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမြတ်တနိုးဖေါ်ထုတ်ထိမ်းသိမ်း မြှင့်တင်နိုင်ကြပါစေ ဟူ၍ ဆန္ဒပြုအပ်ပါသည်။

No comments: