Wednesday, April 1, 2009

Thursday, December 18, 2008

ဖီ့ဗူးယော်ပူဇော်ပွဲ


ဖီ့ဗူးယော်ပူဇော်ပွဲ ကျင်းပခြင်းအခမ်းအနားအစီအစဉ်
ဖီ့ဗူးယော်ပူဇော်ပွဲကို နှစ်သစ်ကူးနေ့ နံက်ပိုင်းတွင် ပြုလုပ်လေ့ရှိကြသည်။ နံနက်နေအာရုံတက်ချိန်တွင် ကရင်အမျိုးသားအလံတော်အား လွင့်ထူခြင်း၊ နှစ်သစ်ကူးနေ့  အထိမ်းအမှတ်ဟောပြောပွဲများ ပြုလုပ်ခြင်းများ ပြီးနောက် ဖီ့ဗူးယော်ပူဇော်ပွဲကို တစ်ဆက်တည်းကျင်ပကြသည်။ ဖီ့ဗူးယော်ပူဇော်ပွဲပြုလုပ်သည့် အခမ်းအနားအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ပွဲတော်အကြီးအမှူး (၁)ဦးနှင့်အရန်(၂)ဦးတို့ က၊ ရာဇမတ်ဝင်းအတွင်းသို့  စတင်နေရာယူခြင်း။
နေ့ (၇)နေ့ စုံသော အဖိုး (၇)ဦးနှင့် အဖွား (၇)ဦးတို့ က မြေငယ်များခြံရန်လျက် နေရာယူခြင်း။
ပွဲတော်အကြီးအမှူးမှစပါးလိပ်ပြာများအသီးသီးပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသောအားဖြင့် ရွတ်ဖတ်ပူဇော်ခြင်း။
ပွဲတော်အကြီးအမှူးက ဦးဆောင်လျက် အဖိုးအဖွားနှင့် မြေးငယ်များအားလုံး ရာဇမတ်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွါခြင်း။
အထက်ပါအခမ်းအနားအစီအစဉ်ဖြင့် ဆောင်ရွက်ရာတွင် ဆောင်ရွက်သည့် လုပ်နည်းလုပ်ဟန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပွဲတော်အကြီးအမှူးများနေရာယူအပြီးတွင် နေ့ (၇)နေ့ စုံသော အဖိုး(၇)ဦးနှင့်အဖွား(၇)ဦးတို့ သည် မြေးငယ်များက ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်းအတွင်းသို့  ဆက်လက်နေရာယူကြသည်။ ရာဇမတ်ဝင်းအတွင်းရှိ စပါးပုံအား လက်ယာရစ် ဖြင့် (၃)ပတ်တိတိလှည့်ပတ်ပူဇော်ပြီးနောက် စပါးပုံ၏ လက်ယာဘက်တွင် အဖိုး(၇)ဦးကလည်းကောင်း၊ လက်ဝဲဘက်တွင် အဖွား(၇)ဦးကလည်းကောင်း ၊ နေ့ နာမ်အလိုက်အသီးသီးနေရာယူကြသည်။ မြေးငယ်များက အဖိုးအဖွား၏ နောက်၌ နေရာယူကြသည်။ထိုသို့ နေရာယူပြီးချိန်တွင် ပွဲတော်အကြီးအမှူးသည် စပါးလိပ်ပြာများအသီးသီး ပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသောအားဖြင့် ကရင်ဘာသာဖြင့် စတင်၍ ရွတ်ပါသည်။ ပွဲတော်အကြီးအမှူးရွတ်ဖတ်ပူဇော်ခြင်း ပြီးဆုံးသည့်အခါတွင် အဖိုးအဖွားများက စပါးပုံအား အမွှေးနံသာရည်များ ပက်ဖြန်းကြပြီး မြေးငယ်များက ပေါက်ပေါက်ဆုပ်များ ကြဲပက်ကြသည်။ ပြီးနောက် ပွဲတော်အကြီးအမှူးက ရှေ့ဦးမှ ဦးဆောင်ပြီး အဖိုးအဖွားနှင့်မြေးငယ်များတို့ နောက်မှ ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်းအတွင်းမှ အသီးသီးပြန်လည်ထွက်ခွါကြသည်။
ပွဲတော်၌ဧည့်ခံကျွေးမွေးရန် အသင့်ပြုလုပ်ထားသော ရိုးရာစားဖွယ်သောက်ဖွယ်များ ခေါင်ရည်များကို ပွဲတော်လာပရိတ်သတ်များအား တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ ကရင်ယဉ်ကျေးမှု လူငယ်မောင်မယ်များကလည်း ပရိတ်များအား ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေပေးကြသည်။
နိဂုံး
ဖီ့ဗူးယော်ပူဇော်ပွဲကို ကရင်လူမျိုးများနေထိုင်ရာ ကျေးလက်ဒေသများတွင် နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်အတူ ယခင်က ယှဉ်တွဲပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မှေးမှိန်လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေသည်။ ကရင်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ဖြန့် ပွားရေးအသင်းသည် ပျောက်ကွယ်လုနီးပါးဖြစ်သော ဖီ့ဗူးယော်ပူဇော်ပွဲရိုးရာဓလေ့ကိုဖေါ်ထုတ်ထိမ်းသိမ်းမြှင့်တင်သောအားဖြင့် ဖါးအံမြို့ ပေါ်တွင်ကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်များတွင် သရုပ်ပြပွဲအဖြစ် ကျင်းပပြသနိုင်ခဲ့သည်။အဆိုပါ သရုပ်ပြပွဲမှ ရိုက်ကူးထားသော မှတ်တမ်းဓါတ်ပုံများကို ရန်ကုန်မြို့  တပ်မတော်စစ်သမိုင်းပြတိုက်တွင် အများပြည်သူလေ့လာနိုင်ရန် ချိတ်ဆွဲပြသထားသည်။
ကရင်အမျိုးသားတိုင်း မိမိတို့ ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမြတ်တနိုးဖေါ်ထုတ်ထိမ်းသိမ်း မြှင့်တင်နိုင်ကြပါစေ ဟူ၍ ဆန္ဒပြုအပ်ပါသည်။

ကရင်ရိုးရာကောက်သစ်စားပွဲ

ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ဖှီ့ဗူးယော်(ဖီ့ဗူးယ၀်) ပူဇော်ပွဲ အကြောင်းသိကောင်းစရာ
ကရင်အမျိုးသားတိုင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရည်ရွယ်လျက်လက်လှမ်းမှီရာ တတ်နိုင်သမျှရှာဖွေ စုဆောင်းတင်ပြအပ်ပါသည်။
ကရင့်ရိုးရာဓလေ့ပွဲတော်များ
ကရင်လူမျိုးတို့ ၏ ရှေးဘိုးဘွားဘီဘင်များသည် ၀ိညာဉ်ကိုယုံကြည်ကြသည်။ ၀ိညာဉ်လိပ်ပြာသည် လူ၏ခန္ဓာကိုယ်တွင် ပူးကပ်မှီတွယ်နေပြီး လိပ်ပျြာနှင့်အတူရှိသောသူသည် ကျန်းမာသည်၊ သန်စွမ်းသည်၊ စိတ်ဓါတ်ကြံခိုင်မှူရှိသည်ဟု ယုံကြည်ကြ၏။
ထို့ အတူ သစ်ပင် သီးနှံတို့ တွင်လည်း ၎င်းတို့ ကိုကာကွယ်စောင့်ရှောက်သောဝိညာဉ်ရှိသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် အပင်တို့ ကိုစောင့်ရှောက်သော နတ်ဟုဆိုနိုင်သော ရုက္ခစိုးနတ်ကောင်းနတ်မြတ်တို့ ရှိသည်ဟု ယုံကြည်ကြ သည်။ ထိုနည်းအတူ တောင်ယာတွင် တောင်ယာကို စောင့်ရှောက်သောနတ်၊ လယ်မြေကို စောင့်ရှောက်သောနတ်များအပြင် လူနေအိမ်တွင် အိမ်ကိုစောင့်ရှောက်သောနတ်ဟူ၍ ရှိသည်ကို ယုံကြည်ကြသည်။
ထိုယုံကြည်မှူများကြောင့်ကရင်လူမျိုးတို့ တွင် လယ်ယာလုပ်ငန်းနှင့်ပတ်သက်သောပွဲတော်၊ ရိုးရာဓလေ့ပွဲတော် အမျိုးမျိုးရှိကြသည်။ ၎င်းရိုးရာဓလေ့ပွဲတော်များမှာ-----
(၁) တောင်ယာနတ်စားချိန်ပွဲတော်၊
(၂) တော်ယာခုတ်ချိန်ပွဲတော်၊
(၃) တော်ယာစူးထိုးချိန်ပွဲတော်၊
(၄) တောင်ယာစပါးရိတ်သိမ်းချိန်ပွဲတော်၊
(၅) ရေမြောင်းတာတမံပူဇော်ပွဲတော်၊
(၆) ပျိုးပင်လိပ်ပြာခေါ်ပွဲတော်၊
(၇) စပါးပုံလိပ်ပြာခေါ်ပွဲတော်၊
(၈) ရိုးရာကောက်သစ်စားပွဲတော်နှင့်ဖီ့ဗူးယော်ပူဇော်ပွဲတော်၊
(၉) အိမ်သစ်တက်မင်္ဂလာပွဲတော်၊
(၁၀) ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲတော်၊
(၁၁) ရွာလုံးကျွတ်လိပ်ပြာခေါ်ပွဲတော် (ခေါ်)၀ါခေါင်လချည်ဖြူပွဲ မင်္ဂလာပွဲတော်၊
(၁၂) အရိုးကောက်ပွဲတော်၊
(၁၃) နှစ်သစ်ကူးပွဲတော် စသည်ဖြင့် ပွဲတော်အမျိုးမျိုးရှိကြသည်။ သူ့ အချိန်အခါနှင့်သူ သူ့ နေရာ၊နှင့်သူ ပုံစံအမျိုးမျိုးကျင်းပကြသည်။
ဖီ့ဗူးယော်အား ရိုးရာပွဲဇော်ပွဲတစ်ရပ်အဖြစ် လက်ခံကျင်းပခြင်း
ကရင်လူမျိုးတို့ သည် စပါးကိုစောင့်ရှောက်သော စပါးလိပ်ပြာ (သို့ ) စပါးစောင့်နတ် (ဖီ့ဗူးယော်) ရှိသည်ဟုယုံကြည်ကြသည်။ ဖီ့ဗူးယော်ကို ပူဇော်ခြင်းအားဖြင့်စပါးသည် ပျက်စီးလေလွင့်မှုနည်းပါးပြီး ပိုမို၍အထွက်တိုး၏။ ရှိပြီးသားစပါးတို့ သည်လည်း စားသုံးမှုအစဉ်လုံလောက်ပြီး မသိမသာတိုးပွားမြဲဖြစ်သည်ဟုယုံကြည်ကြ၏။ ထိုယုံကြည်ချက်အရ ဖီ့ဗူးယော်ကို ရိုသေသမှုပြုသောအားဖြင့် ရိုးရာပူဇော်ပွဲတစ်ရပ်အဖြစ် လက်ခံကျင်းပကြသည်။

အသံလွင့်မိန့် ခွန်း

ပထမဆုံးသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အသံလွှင့်မိန့် ခွန်း
ယနေ့ ကရင်အမျိုးသားများ
ယနေ့ သည် သမိုင်းဝင်နေ့ ဖြစ်ပါသည်။ အစိုးရက တရားဝင်အသိအမှတ်ပြုသော ကရင်အမျိုးသားနေ့  လည်းဖြစ်ပါသည်။ ဤနေ့ ရက်သည် ကရင်တစ်မျိုးသားလုံး၏ မင်္ဂလာအခါနေ့ လည်းဖြစ်ပါသည်။ တစ်သီးတစ်ခြား တစ်ကွဲတစ်ပြားနေထိုင်ခဲ့ကြရာမှ ကျွန်ုပ်တို့ သည် ယနေ့ မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့်  နိုင်ငံတော်အရေးအခင်းတွင် ပါဝင်ဆောင်ရွက်ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကံကြမ္မာကို ဖန်တီးရာ၌ အဓိကမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့ လူမျိုး ဆိတ်သုဉ်းမသွားဘဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့ အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့ ၏ ပယောဂကျေးဇူးကြောင့်မှ မဟုတ်ဘဲ ကျွန်ုပ်တို့ ၏ထူးခြားသော ပင်ကိုယ်အရည်အချင်းများကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ ရိုးသားကြသည်။ စိတ်ထားဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတးပေါင်းဖက် ဆက်ဆံပေါင်းသင်းသွားခြင်းဖြင့် ကျွန်ုပ်တို့  ၏ အမျိုးသားဂုဏ်သိက္ခာ၊ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းများ ပြုနိုင်မည်ဟု ယုံကြည်ကြသည်။
ကျွန်ုပ်တို့ တစ်တွေ ဆုံြး့ဖတ်ချက်များ ချတ်မှတ်သည့်အချိန်ကျလာခဲ့ပြီး ကျွန်ုပ်တို့ သည် ယခင်ကဲ့သို့ ပင် တစ်သီးတစ်ခြား ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော၊ သို့ တည်းမဟုတ်၊ မြန်မာနိုင်ငံ၏ကြမ္မာကို ဖန်တီးရာ၌ တစ်အပ်တစ်အား လက်တွဲပါဝင်ဆောင်ရွက်မည်လော။
ကျွန်ုပ်တို့ သည် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ် သို့  ပါဝင်ဆောင်ရွက်ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသားခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးမဖက် မကြောက်ရွံ့ ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်၊ နိုင်ငံတော်အကျိုးစီးပွားကို ဆောင်ရွက်ကြမည်။
ယနေ့ အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုသားအမွေအနှစ်များ ရှေးဟောင်းကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ “ယွာ”ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့ ၏ ဆုံးမသြ၀ါဒများကို ပြန်လည်ကျင့်သုံးနေကြပါမည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်ကောင်း၊ တစ်အိမ်တစ်မိသားစုအနေဖြင့်လည်းကောင်း၊ ဘ၀သစ်တစ်ရပ်ကို ပါဝင်ဖန်တီးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။
ခေတ်နှင့်လျော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့်လုပ်ငန်းများ ကြံဆချမှတ်ကာ အခြားသောတိုင်းရင်းသားများနှင့် တစ်စိတ်တစ်ဝမ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွားကြမည်။
ထို့ ကြောင့် ကျွန်ုပ်တို့ တစ်တွေလည်း နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး အကျိုးလုပ်ငန်းများတွင် ဖော်ပြပါယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့  အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့  ရက်မြတ် ကရင်နှစ်သစ်မင်္ဂလာအချိန်တွင် အဓိဌာန်ပြုကြပါစို့ 
(၁၉၃၈ ခုနှစ်၊ ဒီဇင်လာလ ၂၁ ရက်)
၂၆၇၆ ခုနှစ်၊ သလေး၊ ထိုက်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက် ။ ပုံ - စံစီဖိုး၊ ရွှေဘ၊လှဖေ၊ ဖေသာ၊ ဆစ်ဒနီလူနီ

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 
လူမျိုးအသီးသီးတို့ သည် မိမိတို့ ၏ပတ်ဝန်းကျင် သဘာဝ၊ တောတောင်၊ ရေမြေ၊ ရာသီဥတု၊ သစ်ပင်ပန်းမန်၊နေ၊ လ၊ နက္ခတို့ ကို လေ့လာမှတ်သား၍၊ အချိန်ကာလ အပိုင်အးခြားတို့  ခွဲခြားသိမြင်ကြသည်။
ကရင်လူမျိုးတို့ သည် ရှေးပဝေသဏီကစ၍ အချိန်အကန့် အသတ်ကို ကြည့်ပြီး၊ တစ်ရက်၊ တစ်လ၊ တစ်နှစ် ဟု သတ်မှတ်ကာ အမည်နာမပေးကြပါသည်။ မိမိတို့ ၏ ပထမလကို စကောကရင်ဘာသာဖြင့် “သလေ” ပိုးကရင်ဘာသာဖြင့် “ထိုက်ခေါက်ဖိုး”ဟု ခေါ်ကြပါသည်။
ထိုသို့  တစ်နှစ်ဆန်းလျှင် မိမိတို့  ဓလေ့ထုံးစံအရ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ ယစ်နတ်ပူဇော်ခြင်း၊ လူကြီးသူမများအား ကန်တော့ခြင်းများကို ပြုလုပ်ကြပါသည်။
-“နှစ်သစ်ကူးနေ့ ရောက်လာပြီ
-ရေချိုးခေါင်းလျှော် စိတ်သန့် စင်
- လူကြီးသူမ ကန်တော့ကြ
-ဆုံးမ ပဲ့ပြင်နာခံမှတ်”။
ကရင်အမျိုးသားများသည် “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)ကို ပထမလအဖြစ် သတ်မှတ်၍ လဆန်းတစ်ရက်နေ့ ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။ “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)လသည် မြန်မာအားဖြင့် “ပြာသိုလ”ဖြစ်၍ ပြာသိုလဆန်းတစ်ရက်နေ့ သည် “ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။
သို့ သော်လည်း ရှေးအခါက ဤနေ့ ဤရက်ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် မြေပြန့် ဒေသကရင်အချို့ နှင့် တောင်ပေါ်ကရင်အချို့ တို့ သည် နှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ကြပါသည်။
သို့ ရာတွင် ကရင်ခရစ်ယာန်ဘာသာဝင်များသည် အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့ ဖြစ်သော ဇန်န၀ါရီလ တစ်ရက်နေ့ ကို ကျင်းပသည့်နည်းတူ၊ ကရင်ဗုဒ္ဓဘာသာဝင်များသည်လည်း တန်ခူးလ (သင်္ကြန်)အပြီး နှစ်ဆန်းတစ်ရက်နေ့ ကို ကျင်းပကြပါသည်။
ထို့ အပြင် ကရင်လူမျိုး ဖိုးပိုက်ဆံဘာသာဝင်များသည် တပို့ တွဲလဆန်း (၄)ရက် နေ့ ကို၎င်း၊ ရသေ့ဘာသာဝင် ကရင်များကလည်း တပေါင်းလပြည့်ကျော်(၁)ရက်နေ့ ကို၎င်း အသီးသီး ကရင်နှစ်သစ်ကူးနေ့ ကို တကွဲတပြားဆီ ကျင်းပခဲ့ကြပါသည်။
ထိုသို့  နှစ်သစ်ကူးနေ့ ကို အကွဲကွဲအပြားပြား ကျင်းပကြသောကြောင့် စိတ်ဝမ်းကွဲမှုများလည်း ရှိနေကြပါသည်။ ကရင်အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသော ဒေါက်တာ တီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ပါဝင်သော “ဒေါကလူ”ခေါ် ကရင်အမျိုးသားအသင်းကြီး၊ Karen National Association (KNA)၊ အသင်းကြီးကို (၁၈၈၁) ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းအချိန်က မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံရေးအဖွဲ့ အစည်းမှ မရှိသေးပေ။
ထိုအသင်းကြီးက “ကရင်နှစ်သစ်ကူးနေ့ ”ကို တနေ့ တည်း ကျင်းပလျှင် ပို၍သင့်လျှော်ကြောင်း သိရှိသည်။ ထို့  ကြောင့် အနယ်နယ်အရပ်ရပ်မှ ကရင်အမျိုးသားခေါင်းဆောင်များနှင့် အောက်လွှတ်တော်အမတ်များအား တွေ့  ဆုံစေပြီး၊ မည်သည့်နေ့ ရက်တွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရန် သင့်လျှော်မည်ကို ရှေးအထောက်အထားများ၊ အကြောင်းအရာများကို စုံစမ်း၍ “ဒေါကလူ”အသင်းကြီးအား ပ်ြန်လည်အစီရင်ခံစေသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ အစီရင်ခံစာများ ပေးပို့ ကြသည်သာမက “ဆရာယာနီ”ဆိုသူ ကိုယ်တိုင်လာရောက်တွေ့ ဆုံသည်။ “ဆရာယာနီ”သည် မြောင်းမြခရိုင်- တကူးဆိပ်ရွားသာညးဖြစ်၍ ဖါပွန်တွင် ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ တောင်ပေါ်ကရင်ဒေသရှိ ကရင်အမျိုးသားများ အသုံးပြုသော ပျဉ်ပြားပြက္ခဒိန်ကို ယူဆောင်လာ၍ တင်ပြသည်။ ထိုပျဉ်ပြားပြက္ခဒိန်တွင် တနှစ်လျှင် (၁၂)လ ပါရှိ၍ ပထမလမှာ ပြာသိုလဖြစ်ကြောင်း သက်သေအထောက်အထားနှင့် တင်ပြပါသည်။
ထို့ အတူ “ဒေါကလူ”အသင်းကြီး၏ အထွေထွေအတွင်းရေးမှူး မန်းဘခင်မှလည်း နှစ်ပေါင်း (၇၀)ကျော်က စတင်ထုတ်ဝေခဲ့သည့် ပိုးကရင်သင်ပုန်းကြီ်းနှင့် ဖတ်စာအုပ်ကို တင်ပြပါသည်။
အဆိုပါစာအုပ်တွင် တနှစ်လျှင် (၁၂)လ ပါရှိပြီး ပြာသိုလမှာ ပထမလ ဖြစ်ကြောင်း ဘိုးဘွားများလက်ထက်မှစ၍ ယနေ့ တိုင်အောင် ကရင်နှစ်သစ်ကူးနေ့ ကို ပြာသိုလဆန်း (၁)ရက်နေ့ တွင် ကျင်းပကြောင်း တင်ပြသွားပါသည်။
ထို့ ကြောင့် သမိုင်းဝင်နေ့ တနေ့ ရရှိရန် ကရင်နှစ်သစ်ကူးနေ့ အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွှတ်တော်မှ စတင် တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် (၁၅)ဦး၏ ဒုတိယဥက္ကဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်း (Saw Joh Nson –D- P0min)သည် နေ့ ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရသည်။ ထို့  ကြောင့် စောဂျွန်ဆင်ဒီဖိုးမင်း သည် တောင်ငူမြို့ ရှိ ကရင်သက်ကြီးဝါရင့်သူတချို့ နှင့် ဆွေးနွေးခဲ့ပြီး သရာမိုးလို (ကရင်အမျိုးသားအလံတော် ပုံစံတင်သွင်းရာတွင် ဒုတိယဆုရရှိသူ)အား ဆက်လက် တာဝန်လွှဲအပ်ခဲ့ကြသည်။
သရာမိုးလိုသည် ကရင်အမျိုးသားတို့ ၏ ခုနှစ်သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့ ၏ နှစ်သစ်ကူးနေ့ သည် မည်သည့်နေ့ ၊ လ၊တွင် ဖြစ်ကြောင်း ဟူသော အချက် နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသနလုပ်ခဲ့ပြီး ပြည်လည်တင်ပြခဲ့သည်။

အရှေ့ တိုင်းသုတေသနကြီးနှစ်ဦးဖြစ်သော ဂျီ၊ အိပ်ခ်ျ၊ လူစ့်(G.H.Luce)နှင့် ဂျီ၊ အီး၊ ဟာဗီ(G.E. Harvey)တို့ ၏ မှတ်တမ်းပြုချက်အရ၎င်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား ရေးသားသော မြန်မာရာဇ၀င်အရ၎င်း၊ ကရင်လူမျိုးများသည် မြန်မာနိုင်ငံသို့  ရှေးဦးစွာ ၀င်လာခဲ့ကြသည်မှာ ဘီ။ စီ ၇၃၉ ခုနှစ်က ဖြစ်ကြောင်း သိရှိရပေသည်။
သို့ ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့  မြန်မာနိုင်သို့  ၀င်ရောက်လာခဲ့ကြသည့် ထိုနှစ်မှ အစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေ၊ ဒီ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့  စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီ၊ စီ ၇၃၉ ခုနှစ်မှ စ၍ ရေတွက်သော် နှစ်ပေါင်း (၂၆၇၅)နှစ် ရှိပြီးဖြစ်သည်။
တောင်ငူမြို့ ရှိ သက်ကြီးဝါကြီးများ၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ ရက် (သလေလဆန်း (၁)ရက်)ကို ဥပဒေပြုအောက်လွှတ်တော်တွင် တင်သွင်းအဆိုကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ထိုး၍ အောက်လွှတ်အစည်းအဝေးတွင် တင်သွင်းခဲ့၏။ ၁၉၃၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေံတွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွှတ်တော် အစည်းအဝေးမှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွှတ်တော်မှ ဆရာစံဘော် က ဆက်လက်ဦးဆောင်၍ ၀န်ကြီး စောဖေသာနှင့် ညှိနှိုင်းပြီး၊ ဒေါက်တာ ဘမော်အစိုးရအဖွဲ့ သို့  တင်ပြ၍ အစိုးရ၏ သဘောတူညီချက်အရ (Cabi-net Executive Pow – er)ဖြင့် ဘုရင်ခံထံသို့  တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွှဲပြောင်းနိုင်သည်။
စာချုပ်စာတမ်း အက်ဥပဒေ (Ne – G0tiable Instrument act.) အစိုးရ အသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။
အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက် (၁၂၉၉ ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့ ဖြစ်ပြီး၊ ၎င်းနေ့ တွင် ၀တ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့် ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့် “သာ့ပွာဖိုးလင်းတေး” ပြုစုရေးဆွဲခဲ့သည့် ကရင်အမျိုးသားပြက္ခဒိန်အရ၊ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်တွင် ကရင်အမျိုးသားခေါင်းဆောင်ကြီး (၅)ဦး ဖြစ်ကြသော ဒေါက်တာစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့ က သြ၀ါဒ သ၀ဏ်လွှာပေးပို့ ခဲ့သည်။
(သ၀ဏ်လွှာ ပေးပို့ သည့် နေ့ စွဲမှာ “သာ့ပွာဖိုးလင်းတေး”၏ ပြက္ခဒိန်အရ ၁၉၃၈ ခုနှစ်တွင် နှစ်ကြိမ်မျှ ကျရောက်ခြင်းကြောင့် ရက် အမှန် (၂၁ - ၁၂ - ၁၉၃၈) အစား (၂၁ - ၁၂ - ၁၉၃၉)ဟူ၍ ဖြစ်နေကြောင်း သတိပြုအပ်၏)
မည်သို့ ပင်ဆိုစေ ယနေ့  ကရင်အမျိုးသားထုတရပ်လုံးက သရာမိုလို၏ ရှာဖွေချမှတ်ပေးခဲ့သည့် ကရင်နှစ်သစ်ကူး နေ့  ဖြစ်သော “သလေ”လဆန်း (၁)ရက်ဟု အတည်ပြုထားသော ပြာသိုလဆန်း (၁)ရက် သို့ မဟုတ် “ထိုင်ခေါက်ဖိုး”လဆန်း (၁)ရက် ကိုသာ ဆက်လက် အတည်ပြုလက်ခံနေကြကြောင်း တွေ့ ရှိပါသည်။

ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ
၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ပရင်ပြည်ပေး ရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ဖစပလ အစိုရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့ မဟုတတ်) ကရင်ပြည်ပြန်ပေးဖို့ ရန် ငြင်းဆိုပါက ကရင် အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီ လ (၁၁)ရက်နေ့ ၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ ပေါ်တက် ကရင် လူဆန္ဒပြပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့  တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင်းပလေသည်။
အောက်မြန်မာပြည် ကရင်အများစု ရှိရာဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူဖဆကလမှလည်း ခြိမ်းခြောက်နှောက်ယှက် တား မြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့ သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက်ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄)သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။
ကရင်အမျိုးသားမျးသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
(၁) ကရင်ပြည်ချက်ခြင်းပြန်ပေး၊ (၂) ကရင်တကျပ်၊ ဗမာတကျပ်
(၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ (၄) ပြည်တွင်းစစ်အလိုမရှိ
စသည့်ကြွေးကြော်သံများပါသော ပိုစတာများ ကိုင်စွဲပြီး မြို့ များအတွင်းလှည့်လည်၍ ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြကြ ရာ မြန်မာပြည်သမိုင်းတွင် စည်ကမ်းအရှိဆုံး ဆန္ဒြုပပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။ ဤနိုင်ငံရေး ကြွေးကြွော်သံများ သည် ကရင်လူမျိုးများအနေနှင့်အခြားလူများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလိုလားကြောင်း ပြည်တွင်းစစ်ကိုမလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့် လင်းလင်း ဖော်ပြခြင်းဖြစ်သည်။ ကရင်ကံကြမ္မာကရင်ဖန်တီးခွင့်ရရှိရေးနှင့် ပတ်သက်သည့် ကရင်အမျိုးသားရေး လှုပ် ရှားမှု သမိုင်းကြီးသည် နိုင်ငံရေးသမိုင်းတစု၊ သာမန်လူတစု၏ လှုပ်ရှားမှုမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာဆောင် သည် ပရင်အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်ကြောင်းကို ကရင်လူထူဆန္ဒပြပွဲကြီးက ဖေါ်ထုပ်ပြသလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ပရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင်တော်လှန်ရေးသည် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။
ကရင်အမျိုးသားထု ဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်ကို မွေးထုပ်ပြသည့်နေ၊ ပရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ထုပ်ပြသည့်နေ့ ၊ ကရင်အမျိုးသားများ၏ ဇာတိ သွေး၊ ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုပ်ပြသည့်နေ့ ၊ နိုင်ငံရေး လက်ဦးမှုကို ကရင်များရယူသည့်နေ့ ၊ ကရင်ကိုကမ္ဘာ က ပိုမိုသိစေသည့်နေ့ ပင်ဖြစ်သည်။ အဆိုပါအကြောင်းများကြောင့် (၁၉၅၃)ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅) ရက် နေ့ အထိ ဖာပွန်မြို့ တွင်ကျင့်ပသော ကော်သူလေးပြည်လုံးဆိုင်ရာ
ကွန်ကရက်မှ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကို ကရင်အမျိုးသားနေ့ ဟု သတ်မှတ်ကျင့်ပရန် မြစ်ဝကျွန်းပေါ်အမှတ် (၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ် (၁) တပ်မမှုး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်က ရက် ကိုယ်စားလှယ်များက ကန့် ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူဆန္ဒပြပွဲ ဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ သည် ကရင်အမျိုးသားနေ့  ဖြစ်လာလေသည်။