Friday, November 28, 2008

တချိန်ကလူ့ အခွင့်အရေး

်တချိန်ကလူ့ အခွင့်အရေး
လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလကတည်းက ကျနော့်ရဲ့ ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်ကလေးများ
ကိုပြန်တွေးမိလေတိုင်း တခါတရံ အိမ်မက်ဗမာ နိုးကြားလာခဲ့သည်။ ပြန်လည် စဉ်စားတွေးတောမိလေတိုင်း
ဝမ်းနည်းမိသလို၊ကြောက်ရွံ့မုန်းတီးလာသလို ၊ စိတ်ညစ်သလို ခံစားရသည်။
ထိုအချိန်က ခေတ်ကာလ အခြေအနေမတည်ငြိမ်မှု၊ ပြည်သူလူထုပြေးလွားပုန်းရှောင်နေရ၊အမြောက်ကြီး
သံများ၊ သေနတ်ကြီးသံများ၊ သေနတ်ကလေးသံများ၊ မိုင်းဖောက်သံများ၊ လေယာဉ်ပျံသံများ၊ စစ်ကားကြီးသံများ
အဝေးပစ် ပလာချာသံများသည် မိုးချုန်းသံကြီးများကဲ့သို့ နေ့ စဉ်နေ့ တိုင်းကြားနေရ၊ ငိုးကြွေးအော်ဟစ်သံများ၊ ဆူပူကြိမ်းမောင်းသံများ၊ ပူဆွေးစိုးရိမ်မှုများ၊ ပြေးလွားပုန်းရှောင်မှုများ၊ ဆာလောင်မွတ်သိပ်သော ကလေးသူငယ်များ၊ နာမကျန်းဖြစ်သောသက်ကြီးရွယ်အိုများ၊ အချိန်အခါမဟုတ်လာရောက်ခြိမ်းခြောက်မှုများ၊
အလှည့်ကျကင်းစောင့်မှုများ၊ အတင်းအဒမ လုပ်အားပေးမှုများ၊ ပေါ်တာဖမ်းမှုများ ၊ စနစ်ကြီး၏ရလာတ်ကိုဆိုရ
သော် ထိုခောတ်သိန်းပေါင်းများစွာသောပြည်သူတို့ သည် အလူးအလဲခံစားရသည်၊
ထိုအခြေအနေကိုအခွင့်ကောင်းယူကာ အုပ်ချုပ်သူအာဏာရှင်တို့ သည် လူမျိုးစုအများအပြားကို ဖမ်းဆီး
သတ်ဖြတ်ခဲ့သည်။ အထူးသဖြင့် အမဲရောင်နယ်မြေတွင် အဆိုးဝါးဆုံးဖြစ်သည်။ သွေးနှောမှုများ၊ မုဒိန်းကျင့်မှု
များ ၊ လူမဆန်မှုများ(unhuman) ၊ထောင်ဒဏ်မှုများ၊ စွပ်စွဲမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ခိုးယူရောင်းချ
မှုများကျုးလွန်နေခဲ့သည်။ ကျူပင်ခုတ် ကျူငုတ်တောင်မကျန်ရလေအောင် ချဉ်ပေါင်ပင်ကိုလည်းဓားနဲ့ ခုတ်မည်
ဟူသော(opration)များကို အသေးစိတ်စိပ် စီမံလုပ်ဆောင်ခဲ့လေသည်။ ထိုမျှမက ဖြတ်လေးဖြတ် စားဝတ်နေ
ရေးများကိုပါ ဖြတ်တောက်ခဲ့ လေသည်။
စစ်ကာလသည် ရှည်ကြာသည်ထက် ပိုပြီးရှည်ကြာစွာ အဆုံးမသတ်နိုင်ခဲ့ ပေ။ ခေတ်ကာလ၊ဒေသ၊ ပယောဂကြောင့် လူတို့သည် အကျင့်စာရိတ်တ များစွာပျက်ပြားခဲ့ရသည်။ ခိုးမှု၊ ၀ှက်မှု၊ လုယက်မှု၊ ဓားပြမှုတို့ 
သည် နေ့ စဉ်နေ့ အမျှ ကြီးထွားများပြားလာခဲ့သည်။ အစားအစာရှားပါးခြင်း၊ ဆေးဝါးပစ်စည်းမရှိခြင်း၊ လုပ်ကိုင်
စားသောက်ရန်အတွက် အခက်အခဲများစွာရှိခြင်း၊ လယ်ယာစိုက်ပျိုးရန်အတွက် အချိန်ကာလနှင့်မညီ စစ်ကြောင့် လယ်သမားတို့ ပြေးလွားနေရခြင်း၊ စားသောက်ကုန်စရိတ် ကြီးမြင့်ခြင်း၊ အချိန်အခါမဟုတ်ပုန်ရှောင်
နေရခြင်း၊ ထိုကဲ့သို့ အခြေအနေအခက်အခဲများစွာတို့ ကြောင့် လူတို့ သည် ကျန်းမာရေးချို့ တဲ့ လာခဲ့ ရသည်၊၊
စစ်ဒဏ် စစ်စနစ်ကို အလူးအလဲခံစားရသည်။ ထိုထက်မက လူခွန်၊ မြေခွန်၊ယာခွန်၊လယ်ခွန်နှင့်ဆက်ကြေးများ
ကို လစဉ်လတိုင်း ဒီကနေ့ အထိ ပေးဆောင်နေခဲ့ရသည်။နှစ်ဖက်သော အုပ်စုပြိုင်ဆိုင်နေကြသလို ပြည်သူတို့ 
သည် နှစ်ဖက်သောဒဏ်ရိုက်ခတ်မှုကို ပြင်းထန်စွာ ခ့စားရသည်။ ။
လွန်ပြီးသော ရာစုနှစ်ဝက်ကျော် ကာလကတည်းကပင် ကမ်ဘာတ၀န်းလုံးရှိ တိုင်းပြည်အသီးသီးတို့ သည်
လူမှုအခွင့်အရေးအပြည့်အ၀ရှိသော ဒီမိုဂရေစီစနစ်ကို ကျယ်လောင်စွာအော်ဟစ်ကျလေသည်။ဒုတိယ ကမ္ဘာ
စစ်ကြီးပြီးကာလ တိုးတက်သော( The globelization) ခေတ်ရေစီးကြောင်းများနှင့်အညီ လူသားတို့ သည်
လူသားတို့ သည် လွတ်လပ်မှု၊ မျှတမှု၊ ညီတူမှု၊ ကိုယ်ပိုင်အခွင့်အရေးရရှိမှုတို့ ကြောင့်လူ့ အသိုင်းအ၀ိုင်းသည်
တိုးတက်ယဉ်ကျေးသော လူမှုအသိုင်းအဖြစ်သို့  လျင်မြန်စွာပြောင်းလဲလာခဲ့ လေသည်၊။
ယခုနေ့ ကာလအခြေအနေတွင်လူသားတို့ ၏ (genius)ကြီုးစားတီထွင်ဖန်တီးမှုကြောင့် ကဘာမြေကြီး
သည် (cure thegloble) ပြန်လည်ထိန်းသိန်းကုသရမည့်အခြေအနေသို့ ရောက်ရှိလာခဲ့ လေပြီ။ လကဘာ
ပေါ်မှာပင် ရုရှား၊အမေရိကန်၊အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင် အစရှိသော အင်အားကြီးနိုင်ငံများကနယ်မြေအသီးသီးနေရာယူကြနေပြီး။ထိုမျှတိုးတက်သောအချိန်တွင်ယခုလက်ဝယ်ရှိ ကျနော်တို့ အသက်ရှည်ရပ်တည်မှုခက်ခဲသောဘ၀နှင့်နှိင်းယှဉ်လျင်လူ့ အခွင့် အရေး(Humanright) ဟူသောေါဟာရတစ်ခုကိုသုံးသပ်သင့်ပေသည်။နိုင်ငံတကာအသိအမှတ်ပြုသောလူ့အခွင့်အရေးဆယ်ချက်တွင်ကျနော်တို့ သိခွင့်ခံစားခွင့်မရပါလား၊(we are not animal, we are human being) ကျနော်တို့ သည် တိရစာန်မဟုတ်ပါ၊ ကျနော်တို့ သည် လူသားအဖြစ်အသက်ရှည်နေထိုင်သည်၊အဘယ်အတွက်ကြောင့် ကျနော်တို့ သည် တိုင်းတပါးနိုင်ငံတွင်ပြေလွားနေရသနည်း။ လူမှန်းသိတတ်စအချိန်ရွယ်ကစပြီးဒီကနေ့ အချိန်ထိလူ့ အခွင့်အရေးချိုးဖောက်မှု(broken the human right) ခံရခြင်းသာဖြစ်ပေသည်၊ လူ့ အခွင့်အရေးသည်ကြားဖူးရုံမျှသာရှိသည်၊လူ့ သဘာဝအရ လူသားတို့ သည် လွတ်လပ်မှု ၊ ငြိမ်းချမ်းမှု ၊ သာယာမှု ၊ ပျော်ရွင်မှု ၊မျှတမှုသဘောတရားကို နှစ်သက်ကြစမြဲပင်ဖြစ်သည်။ ထိုမျှကျယ်ပြန့် လှသောကမ်ဘာာမြေကြီးတွင်လူသားတစ်ဦးအတွက်အဘယ်ကြောင့်သာယာပျော်ရွှင်မှုကို နှစ်အနည်းငယ်မျှလောက် မပေးနိုင်သနည်း။အချို့ သော တောကြီး၊ မြိုင်ကြီး၊ ဂနိုင်ကြီးတိုတွင်လူ တစ်ဦးတစ်ယောက်မျှ မရှိကြပေ။ ဘာသာသဘောအရ ရသေ့၊ ရဟန်း၊သူတော်စင်၊မုဆိုးများသာရှိချင်ရှိလိမ်မည်။အဘယ်ကြောင့်လူသားတို့သည်မေ့တန်ကိုယ်စီမထားကြလေသနည်း။သက်ရှိသတ်တ၀ါတို့ သဘောအရ အားကြီးသော သတ်တ၀ါတို့သည် အားငယ်သောသတ်တါလေးများကိုအနိုင်ကျင့်ချင်စမြဲပင်။ အုပ်စုများသောသတ်တ၀ါတို့ သည် အုပ်စုနည်းသော သတ်တ၀ါလေးများကို အနိုင်ကျင့် အပေါ်စီးချင်စမြဲပင်။ လူသည်အသိညဏ်မြင့်မားသောသတ်တါဖြစ်သည်။ဥာဏ်ရည်မြင့်မားသည်။ထက်မြက်သည်။
စဉ်းစားတွေးခေါ်တတ်သည်။
လူ့သက်တန်းသည်(၈၀)၀န်းကျင်လောက်သာဖြစ်သည်။တစ်ဦးနှင့်တစ်ဦးအသိတရားမေ့တန်တရားများပင် မထားတတ်လေဘူးလား။လူသားတို့ အချင်းချင်းနားလည်မှုရှိကြလျင်လောကကြီးသည် အဘယ်မျှလောက်ပျော်ရွှင်စရာကောင်းလိမ့်မည်မသိ။ ကျနော်သည်သာမက( so many people victimize) ဒုက်ခရောက်သော လူအများတို့ သည် ကျနော် ကဲ့ သို့ ပင် အေးချမ်းသာယာလွတ်လပ်သော လောကအသစ် တစ်ခု ကို တောင့် တကြစမြဲပင်။ ။

No comments: